💙We belong to each other-2💙

856 89 24
                                    

*BH's pov*

Yeollie ကကျွန်တော့်အတွက် စာကူးပေးမယ်ဆိုတော့လည်း ပျော်နေတဲ့ကြားက အားနာစိတ်လည်းဖြစ်မိတယ်။ ဟုတ်တယ်လေ စာတွေကနည်းနည်းလေးမှမဟုတ်တာ……။

C- "ဒီလိုလုပ် ငါကကျက်စာပိုင်းကို ကူးလိုက်မယ်…Baekhyunee က တွက်စာပိုင်းကို ကူးလိုက်နော်"

B- "ကျက်စာပိုင်းကပိုများတာကို ငါပဲကူးပါ့မယ်…အတန်းခေါင်းဆောင်ဆီက စာအုပ်လည်းငှားသေးတယ် စာလည်းအများကြီး ကူးခိုင်းသေးတယ်ဆို ဘယ်တရားပါ့မလဲ"

C- "တရားပါတယ်ကွာ…Baekhyunee က ခုမှနေကောင်းခါစရှိသေးတာ ဒီစာတွေကူးရင်း ပြန်ပြီးဖျားသွားမှာစိုးလို့ ငါပဲကူးပေးပါ့မယ် ဟုတ်ပြီလား"

ကျွန်တော်ပြန်ပြီးဖျားသွားမှာစိုးလို့တဲ့။ ပြောပုံကိုကြည့်ဦး… မသိရင် ကျွန်တော်ကအားအရမ်းနွဲ့တဲ့သူကျနေတာပဲ။ စာကူးရုံလောက်နဲ့တော့ မဖျားတတ်ပါဘူးဗျာ။ Park Chanyeol ခင်ဗျားကြီး အပိုတွေသိပ်ပြောလွန်းတယ်။

သြော် ဟုတ်သား…ပြောရဦးမယ်။ ကျွန်တော်အခုလိုစာတွေပြန်ကူးနေရတာ ကျောင်းပျက်ထားလို့လေ။ ဘာလို့ကျောင်းပျက်လဲဆိုရင် နေမကောင်းဖြစ်လို့ပေါ့။ သိပ်ဆိုးဆိုးရွားရွားကြီးမဟုတ်ပေမယ့် တစ်ပတ်လောက်တော့ ကျောင်းမတက်နိုင်လိုက်ဘူး။ အဲဒါကြောင့်လည်း သူကပြန်ဖျားမှာစိုးတယ်လို့ပြောတာနေမှာ။ အဲ့နေ့က ဒီလိုဗျ…။

💞💞💞💞💞

ထုံးစံအတိုင်းပဲ Kim Jongdae တစ်ယောက် အတန်းလစ်တယ်လေ။ ကျွန်တော့်ဆီက ထီးပါငှားသွားတယ်။ သူ့မှာထီးမပါလာလို့တဲ့…လမ်းမှာမိုးမိနေမှာစိုးလို့ဆိုပြီး ယူသွားတာ။ ကြည့်ဦး အစတည်းက အတန်းလစ်မယ်ဆိုရင် ကိုယ့်ထီးကိုယ်တော့ယူလာသင့်တာပေါ့ မဟုတ်ဘူးလား။ အကယ်၍ ကျွန်တော့်မှာအပြင်သွားဖို့အကြောင်းပေါ်လာတဲ့အချိန် မိုးရွာနေရင် ဘယ့်နှယ်လုပ်မလဲနော်။ Kim Jongdae တို့ အဲဒါတွေလိုတာ…ရည်းစားများရရင် ရည်းစားပါမေ့ပြီး ထွက်သွားမလားစိုးရိမ်ရတယ်။ တစ်နေ့လုံးတော့အဆင်ပြေနေသေးတယ်။ နေ့လည်နှစ်နာရီလောက်ရောက်တော့ ကိုယ်တော်ကဖုန်းလှမ်းဆက်တယ်။သူတစ်ခါတည်းအိမ်ပြန်သွားပြီတဲ့…မနက်ဖြန်မှပဲ ထီးယူခဲ့ပေးတော့မယ်တဲ့။ အိမ်ပြန်ရောက်သွားပြီဆိုမှတော့ ကျွန်တော်လည်းဘာတတ်နိုင်တော့မှာလဲ။ မိုးမရွာလောက်ပါဘူးလေဆိုပြီးနေလိုက်တယ်။ အင်း မိုးကမရွာဘူးဗျ…ကျွန်တော်စာသင်နေတဲ့ တစ်လျှောက်လုံးပေါ့။ ကျောင်းဆင်းခါနီးမှပဲ ဝေါခနဲရွာချတယ်။ ဒေါသတွေထွက်လိုက်တာဆိုတာလေ။ ထီးယူသွားတဲ့ Jongdae ကိုပဲ ဒေါသထွက်ရမလား… တစ်နေ့လုံးမရွာဘဲ ကျောင်းဆင်းချိန်ကျမှရွာတဲ့ မိုးကိုပဲဒေါသထွက်ရမလား… Jongdae ကိုထီးပြန်မပို့ခိုင်းမိတဲ့ ကိုယ့်ကိုယ်ကိုပဲဒေါသထွက်ရမလားကိုမသိတော့ဘူး။ ဘာမှလည်းမတတ်နိုင်တော့ အတန်းဆင်းတာနဲ့ ပစ္စည်းတွေအကုန်သိမ်းပြီး ကျောင်းဆင်ဝင်အောက်ကို လျှောက်လာလိုက်တယ်။ မိုးကတော့ တဝုန်းဝုန်းနဲ့ သည်းကြီးမည်းကြီးကို ရွာနေတာ။ ဒီလိုရွာနိုင်ဖို့ တစ်နေ့လုံးအားမွေးထားသလားမှတ်ရတယ်။

💙We belong to each other💙Donde viven las historias. Descúbrelo ahora