76

1.1K 92 4
                                    


အဆုံးအစမရှိတဲ့ချစ်ခြင်းတွေအကြောင်း
ကိုယ်ပြောပြပါရစေ...။

မင်းအသက်ရှူသံလေးတစ်ချက်တောင်
ကိုယ့်အတွက် အရေးတကြီးပါပဲ...။

မင်းမျက်ခုံးတစ်ချက်အပင့်မှာ
ကိုယ့်နှလုံးခုန်နှုန်းတွေမြန်သွားခဲ့ဖူးတယ်....။

မင်နှုတ်ခမ်းထောင်းစွန်းလေး
တစ်ချက်အတွန့်မှာ ကိုယ့်နှလုံးသားတွေ
စတင်နာကျင်တတ်တော့တာပါပဲ...။

အချစ်ဆိုတာ
နာကျင်စရာပါလားလို့
တွေးမိစေဖို့ လမ်းပြပေးခဲ့သူဟာ မင်းပါပဲ....။

လှပတဲ့ကိုယ့်အိမ်မက်တွေရဲ့
အဆုံးသတ်မှာလဲ မင်းရှိနေတယ်...။

ကြိုမမြင်ရသေးတဲ့
ကိုယ့်ရဲ့အနာဂါတ်တစ်ခုမှာလဲ
မင်းကို ဒီလိုမျိုး ချစ်နေခွင့်ရချင်တယ်...။

မင်းအတွက်ပူလောင်နေရတဲ့အတ္တတွေဟာ
အဖြူရောင်ပါလို့ မင်းကိုရှင်းပြချင်သေးတယ်......။

အဆုံးသတ်မှာတော့..
မင်းရွေးချယ်လိုက်တဲ့ အမျိုးသမီးကို
မင်းနဲ့သိပ်လိုက်ဖက်ပါတယ်လို့
ကိုယ်ပြောနေမိအုံးမှာပါပဲ...။

Feeling NotesDonde viven las historias. Descúbrelo ahora