44

1.5K 137 3
                                    

စိတ်ကူးယာဉ်ဆန်လွန်းတဲ့
ကိုယ့်ရဲ့ အိမ်မက်တွေအကြောင်းပြောပြပါရစေ...။

ကျွန်တော့်ရဲ့အိမ်မက်တွေကခမ်းနားတယ်...။

ခင်ဗျားရှပ်အင်္ကျီရဲ့အပေါ်ဆုံးက
ကြယ်သီးဖြူလေးဟာ ကိုယ်အဖြစ်ချင်ဆုံးဆန္ဒတစ်ခုပါပဲ...။

ခင်ဗျားရဲ့လည်ပင်းလေးကို ခိုးနမ်းခွင့်ရမယ်..။

ခင်ဗျားကိုယ်သင်းရနံ့လေးကို
ရှူရှိုက်ခွင့်ရမယ်...။

ခင်ဗျားရဲ့အနုပညာဆန်တဲ့ လက်ချောင်းလေးတွေနဲ့ထိတွေ့ခွင့်ရမယ်....။

ခင်ဗျားရင်ခွင်ကို သူတပါးမမြင်အောင်
ကာကွယ်ခွင့်ရမယ်...။

ကိုယ့်စိတ်ကူးတွေလှပခဲ့ပါတယ်....။

ကြယ်သီးလေးကို ခင်ဗျားကိုယ်တိုင်ဖြုတ်ပစ်လိုက်မယ်လို့ မတွေးမိခင်အချိန်ထိပေါ့...။

Feeling NotesWhere stories live. Discover now