လတ်တလောခံစားချက်တစ်ချို့ကို
ိုရင်ဖွင့်ပြရမယ်ဆိုရင်ဖြင့်...
ကျွန်တော် ကိုယ့်ကိုကိုယ်
သိပ်ကိုမုန်းတီးနေပါတယ်..။
ပြီးတော့ သိပ်လည်းသနားနေသေးတယ်...။မဖြစ်နိုင်တဲ့အရာတစ်ခုကို ရူးသွပ်မက်မောနေသူတစ်ယောက်ကို တွေ့ချင်ရင်ကျွန်တော့်ကို ကြည့်ပါ...။
ချစ်ရခြင်းဆိုတဲ့ ကျိန်စာထဲမှာ
ပိတ်မိနေသူဟာ ကျွန်တော်ပါပဲ...။ကိုယ့်အတွက် ဘယ်တော့မှမဖြစ်နိုင်တဲ့ လူတစ်ယောက်ကို ရူးရူးသွပ်သွပ် ချစ်နေရသူဟာ
ကျွန်တော်ပါ.....။"ချစ်တယ်... ခင်ဗျားမချစ်လဲ ကျွန်တော်တစ်ယောက်ထဲချစ်နေမယ်...."
အဲ့ဒီအတွေးတွေနဲ့ ကျွန်တော့်စိတ်တွေရှင်သန်နေပါတယ်ဆိုရင် ခင်ဗျားယုံမလား...?..။ကျွန်တော့်ဘဝမှာ "ခင်ဗျား.." ကလွဲပြီးဘာမှမရှိဘူး...။
ရှိခွင့်လဲ ကျွန်တော်မပေးခဲ့မိတာဖြစ်မယ်...။ခင်ဗျားတစ်ယောက်ကိုပဲ မြင်နေခဲ့လို့
ကျွန်တော်ဟာ တစ်ဖက်ကန်းနေခဲ့တာ....။အဲ့ဒီအစွန်းရောက်နေတဲ့ စွဲလမ်းခြင်းတွေရပ်တန့်ဖို့ ကျွန်တော် အချိန်ဘယ်လောက်ပေးရမှာလဲ...?...။
ကျွန်တော်လွတ်မြောက်ချင်တယ်....။
ဒီစိတ်တွေနဲ့တော့ ကျွန်တော်ဘယ်တော့မှ
လွတ်မြောက်နိုင်မယ်မထင်ဘူး.....။ဒါကြောင့် ခင်ဗျားမချစ်နိုင်တဲ့ ကျွန်တော့်ကို လွှတ်ချထားခဲ့ပေးပါ...။
ခင်ဗျားဆီကနေ ကျွန်တော်အလိုချင်ဆုံးဟာ ချစ်ခြင်းမေတ္တာဆိုတာ ခင်ဗျားလဲသိပါတယ်...။
ခင်ဗျားဘယ်တော့မှမပေးနိုင်ပဲနဲ့
ကျွန်တော့်ကိုလဲ ဆွဲမထားသင့်ဘူး မဟုတ်လား...။ဘယ်တော့မှ ချစ်သူတွေမဖြစ်လာနိုင်တဲ့
လူနှစ်ယောက်ဟာ သာမန်ထပ်ပိုရင်းနှီးတဲ့
ဆက်ဆံရေးမျိုးနဲ့ ရှိမနေသင့်ဘူးလေ....။ခင်ဗျားကိုပဲ ငေးကြည့်ပြီး
နာကျင်နေရတဲ့ ဘဝကြီးကို ကျွန်တော်ငြီးငွေ့စိတ်ကုန်နေပြီ...။ဒါကြောင့် ကျွန်တော့်ကိုလွတ်မြောက်ခွင့်ပေးပါ...။
ကျွန်တော့်ကိုကျွန်တော်ချစ်တတ်တဲ့သူတစ်ယောက်
ဖြစ်ချင်တယ်.....။#Phile
#Unlimited_Feelings
أنت تقرأ
Feeling Notes
عشوائيခံစားချက်တွေကို သိမ်းထားချင်လို့..... ဘာရယ်တော့မှုတ်ပါဘူး.... ပေါတောတော ကဗျာလိုလို စာလိုလိုလေးတွေပေါ့...