"Hyun ရေ..!"
"ကိုကိုလား..?"
ဖျားနေတယ်ဆိုတဲ့လူက
အိပ်ရာထဲ မှာ ရှိနေရမှာကိုဘယ်နှယ့် Chan Yeol ခေါ်တာကို
ပြန်ထူးသံက
ရေချိုးခန်းထဲက ထွက်လာရတာတုန်း..?"ကိုကို.."
ိဆိုပြီး ရေချိုးခန်းထဲက
အပြေးထွက်လာကာ
Chan Yeol
ခါးကို လာဖက်ပြီး
ရင်ခွင်ထဲ ခေါင်းတိုးဝင်လာသူလေး..."ဟမ်..
ဖျားနေတာဆို...
ဆံပင်တွေလဲ စိုနေပါလား...
ဘာလဲ..ခေါင်းလျှော်နေတာလား...?
အဲ့ဆို...ဖျားတာ မဟုတ်ဘူးပေါ့..."တိုးနေတဲ့ ခေါင်းကို အတင်းဆွဲမော့ပြီး
Chan Yeol မေးခွန်းတွေ
ထုတ်တော့"Hee hee"ဆိုပြီး
ရယ်ပြလာသည်.."ကိုကို့ ကို လွမ်းလို့..
ခေါ်လိုက်တာ..""ဘာရယ်..အဲ့ဆို
တကယ် ဖျားတာ မဟုတ်ဘူးပေါ့..?""ဟုတ်.."
"ဟာကွာ...ဆိုးရွားလိုက်တာ..
ကိုကိုကတော့..
Hyun..တစ်ယောက်တည်း အိမ်မှာ
အဆင်ပြေပါ့မလားလို့
စိတ်ပူပြီး
အလုပ်ပြီးပြီးချင်း အကျီင်္တောင်မလဲနိုင်ပဲ
ပြေးလာလိုက်ရတာ..
သောက်ရူးကြီးလိုပဲ...""တွေ့ပုချိ..
miyanae..sumimasen..
so sry ပါ ကိုကို.."Chan Yeol စိတ်တိုတိုနဲ့
မျက်နှာ ဆူပုတ်ပြီး
အပြစ်တင်စကားဆိုတော့
လက်အုပ်လေးချီပြီး
ပြုံးစစ လုပ်ရင်း
သူတတ်သမျှ ဘာသာစကားတွေနဲ့
တောင်းပန်စကား ဆိုတဲ့
အနုတ်စုတ် ဂုတ်စုတ်ကောင်လေး..."မနေ့က တွေ့ရတာက ခဏလေး..
ပြီးတော့ မတွေ့ရတာက
ဆယ်ရက်ကျော်ပြီ မလား..
ဒီတိုင်း တွေ့ရအောင်ပြောရင်လဲ..
ကိုကိုက လာမှာ သေချာမှာမှ မဟုတ်တာ..
အဲ့ကြောင့် ကျနော်က
ဥာဏ်ဆင်မိတာပါ..ကိုကိုရယ်..""ကဲကွာ..!"
Chan Yeol ခါးကို တင်းတင်းကျပ်ကျပ်ဖက်ပြီး
Chan Yeol မျက်နှာကို
မော့ကြည့်ကာ
ဆင်ခြေ ပေးနေပုံလေးကဒီ့ထက်ကြာကြာ
အပြစ်တင် ချင်စိတ် တွေ မရှိတော့အောင်
Chan Yeolကို စွမ်းဆောင်နိုင်သည်..အပြစ်အနေနဲ့ နဖူး လှလှလေးကို
မနာအောင် တချက်ထုတော့
သွား ၃၂ ချောင်းလုံးပေါ်အောင်
ဖြီးပြကာ...
YOU ARE READING
ကိုကို့ အသဲလေး [ Completed ]
Romance"ကိုကို..ကျွန်တော့်ကို ချစ်လား" လို့ မေးနေစရာ လိုသေးလို့လားကွာ.. ကိုကို ဆိုတဲ့လူက မင်းအပေါ်မှာ ချစ်တယ်ဆိုတဲ့ စကားထက် အရမ်းကို နက်ရှိုင်းလွန်းတဲ့ သံယောဇဉ်တွေ မေတ္တာတွေနဲ့ ရစ် တွယ်ထားသူပါ Baek Hyun..