"Baek Hyun !
Chan Yeol !
ညက မင်းတို့ ဘယ်သွားကြတာလဲ !"အခုမှ မျက်နှာသစ်ပြီး အောက်ဆင်းလာတဲ့ နှစ်ယောက်သား..
ဧည့်ခန်းက ဆိုဖာ ပေါ်မှာ လက်ထဲမှာလဲဖုန်းကိုင်ထားပြီး
မိန့်မိန့်ကြီး ထိုင်နေကာ..
လမ်းထိပ်ကတောင် ကြားလောက်တဲ့
အသံကြီးနဲ့..
မေးလာတဲ့ suho hyung ကြောင့်
အိပ်ချင်နေသေးတာတွေတောင်
ဘယ်ရောက်လို့ရောက်သွားမှန်းမသိ..
လန့်ဖြတ်သွားရသည်..သူ့ဘေးနားမှာ သူ့နည်းတူ ဖုန်းပွတ်နေတဲ့
Cloud 9 ရဲ့ အာပြဲစိန်လို့
အားလုံးဝိုင်းသတ်မှတ်ထားတဲ့
Jong Daeတောင်..
Su Ho hyung အသံကြောင့်
သူ့ရင်ဘတ်လေးသူ ဖိနေသည်..တကယ်ပဲ..တိုးတိုးသက်သာ မေးလဲ ဒီစကားပဲကို..
လိပ်ခေါင်းထွက်သလို မျက်လုံးကြီး ပြူးပြီး
အော်မေးသူ lederကြီးကို..Chan Yeolရော..
Baek Hyun ပါ ..
နှစ်ယောက်လုံး..
သွားအဖြီးသားနဲ့
"ဘယ်မှမသွားပါဘူး.."ဟု
ပြန်ဖြေလိုက်ကြတော့..."မုန်လာဥလုပ်မနေနဲ့...
ဒီမှာ..မင်းတို့ညက night out ထွက်ကြတယ်မလား..ဒီမှာ ပလူ ကိုပျံနေပြီ.."ဆိုကာ သူ့ဘေးမှာ ၀င်ထိုင်လိုက်ကြတဲ့
ChanBaek နှစ်ယောက်ရဲ့ မျက်နှာရှေ့ကို
ဖုန်းကြီးအတင်းထိုးပြနေသည်..အဲ့ကျတော့မှ...
ChanBaek နှစ်ယောက်..
leader ကြီးကို မြန်မြန်ပြန်မျက်နှာ ချိုသွေးကြသည်..အဲ့တော့လဲ...
"အပြင်သွားတာကို hyung ဘာမှ မပြောပါဘူး..
ဒါပေမယ့်လဲ..ဘယ်သွားမယ်လေးတော့ hyung ကို ပြောသွားသင့်တယ်လေ..
အဲ့တာမှ..မတော်တဆ တစ်ခုခုဖြစ်ရင်
hyung တို့ လာကူလို့ရတာပေါ့.."ဆိုကာ..leader ပီသစွာ စေတနာမေတ္တာအပြည့်နဲ့ သူ့ညီလေးတွေကို
အကျိုးသင့်အကြောင်းသင့်ပြောပြရှာသည်..ဒါပေမယ့်
Su Ho hyung စကားအဆုံးမှာ
"ဘာမှ မဖြစ်ပါဘူးနော်..! ကိုကို ရှိနေတာပဲကို..
တစ်ခုခုဖြစ်ရင် ကိုကို ကယ်မှာပေါ့လို့..!"လို့ ပြန်ပြောလိုက်တဲ့ Baek Hyunကြောင့်
Su Ho ကလည်း.."အေးအေး...အဲ့ဆို..တခုခု အန္တရာယ်ဖြစ်လို့
ငါတို့ဆီ ဖုန်းဆက်ခေါ်ရင် မလာဘူး..
ကြည့်နေ..အဲ့ကိုကို ကြီးပဲ အားကိုးနေ.."
BINABASA MO ANG
ကိုကို့ အသဲလေး [ Completed ]
Romance"ကိုကို..ကျွန်တော့်ကို ချစ်လား" လို့ မေးနေစရာ လိုသေးလို့လားကွာ.. ကိုကို ဆိုတဲ့လူက မင်းအပေါ်မှာ ချစ်တယ်ဆိုတဲ့ စကားထက် အရမ်းကို နက်ရှိုင်းလွန်းတဲ့ သံယောဇဉ်တွေ မေတ္တာတွေနဲ့ ရစ် တွယ်ထားသူပါ Baek Hyun..