အသဲလေး ၂၆

5.1K 384 29
                                    

// you don't understand how much
you really mean to me..
I need you in my life..
Oh..my necessity..~

But..believe me that you're everything..
That just made my world complete..~//

"အဲ့တာ ကျွန်တော့်ကို ရည်ညွှန်းပြီး ဆိုနေတာလား.."

"မဟုတ်ပါဘူး..စာသားကို သဘောကျလို့ ဆိုတာပါနော်.."

"ဟာ...ကိုကိုနော်....!"

ကျွန်တော် ဂီတာ တစ်လက်ကို ဆွဲကိုင်တီးခတ်ပြီး သီချင်းဆို နေသည်ကို
ကျွန်တော့်ပုခုံးပေါ် ခေါင်းလေးမှီတင်ပြီး
သံစဉ်အလိုက် စီးမြောနေသော Hyun...။

သူ့အတွက် ဆိုပြချင်လို့ ဒီသီချင်းလေးကို
တမင်သက်သက်ရွေးချယ် တီးခတ်နေမှန်းသိပါရက်နဲ့
အရစ်ရှည်ကာ မေးခွန်းထုတ်နေပြန်သည်..။

"ကြယ်လေးတွေ ထွန်းလင်းနေတယ်..
လေလေးလဲ တဖြူးဖြူးတိုက်နေတယ်..
ချစ်ရတဲ့ ကိုကိုကလဲ သီချင်းဆိုပြနေတယ်..
တကယ်..ပျော်ဖို့အကောင်းဆုံး
အချိန်လေးပဲ.."

ဝရံတာ ခန်းလေးကနေ
ကောင်းကင်ပြင်ကျယ်ကြီးကို
ငေးမော့ကြည့်ရှုရင်း
ကြည်နူးစွာ...ပြောဆိုနေပြန်တော့
လျှံထွက်ကျလာတဲ့ အချစ်တွေကို
ရင်ဝယ်ပိုက်ရင်းနဲ့ပဲ
နဖူးပြင်လေးထက် အနမ်းတစ်ပွင့် ခပ်ဖွဖွလေးပဲ
ခြွေချပေးလိုက်သည်...။

"အဲ့သီချင်းရေးတဲ့ လူကလေ..ကျွန်တော်နဲ့ ကိုကိုနဲ့ကို လိုက်ချောင်းပြီး ရေးထားတာလားမသိဘူးနော်.."

"အော်..ကလေးရယ်..
ပေါက်တတ်ကရ မဟုတ်မဟတ်တွေ ပြောပြန်ပြီ..သူ့ဘာသူ နိုင်ငံခြားမှာနေနေတဲ့လူတွေကိုကွာ.."

"သိဘူးလေ..စာသားတွေက
ကျွန်တော့်အတွက် ကိုကို့ကို ရည်ညွှန်းပြီးရေးပေးထားသလိုမျိုး
ကြီးကို.."

သီချင်းကို လက်စသတ်လိုက်ပြီးဂီတာကို
ဘေးချကာ
ဘေးနားလေး..ကပ်ပြီး
ပြောချင်ရာ ပြောနေသူလေးကို
အသည်းယားစွာ နှာခေါင်းထိပ်ဖျားလေးကို
ဆွဲလိမ်မိလိုက်သည်...။

"ကိုကို.."

"အွန်း.."

"ကျွန်တော့်ကို ဘယ်တုန်းက စချစ်တာလဲ ဟင်...? အာ..နေနေ..မဖြေနဲ့ ..ကျွန်တော်ပဲဖြေမယ်.."

တစ်ယောက်တည်းမေး
တစ်ယောက်တည်းဖြေနဲ့
တစ်ယောက်တည်း အလုပ်တွေရှုပ်နေသော ပိစိကို
ဝရံတာ ဘောင်ပေါ် ကို ပွေ့တင်လိုက်ကာ
လက်သွယ်သွယ်တွေကို ကျွန်တော့်လည်ပင်းမှာ
ခိုသိုင်းစေလိုက်သည်...။

ကိုကို့ အသဲလေး [ Completed ]Wo Geschichten leben. Entdecke jetzt