အသဲလေး ၂၁

5.5K 465 44
                                    

အိမ်ထဲကို ခြေ ချဖြစ်လိုက်သည်နှင့်
ရေသောက်ချင်စိတ် ဖြစ်လာတော့
ခြေလှမ်းတွေ က
ရေခဲသေတ္တာ ရှိရာဆီ သို့သာ တန်းတန်းမတ်မတ် လျှောက်လာခဲ့သည်..။

"ကိုကို..ပြန်လာပြီ..!"

မီးဖိုခန်းထဲ ၀င်လိုက်သည်နှင့်
ဘေးနားကို လှစ်ခနဲ ရောက်လာသည်က
ကျွန်တော့်အသည်းအသက်ကလေး..။

အမေအိမ်ပြန်လာလို့ ပျော်နေတဲ့
ကလေးတစ်ယောက်လို
ကျွန်တော့်ခါးကို တင်းတင်းဖက်ပြီး
ရင်ခွင်ထဲ ၀င်မှီနေပြန်သည်..။

"ကြာလိုက်တာ..ဒီမှာ လွမ်းနာကျပြီး
သေတောင်သေရတော့မယ်.."

collarboration တစ်ခုအတွက်
သီချင်းတွဲဖက် ဆိုမည့် ပါတနာ နဲ့
သွားရောက်တွေ့ဆုံဖို့ အိမ်ကထွက်သွားတာ
လွန်ခဲ့တဲ့ နာရီပိုင်းလောက်ကမှပါ..။

အဲ့တာကို မတွေ့တာ နှစ်ကမ္ဘာ သုံးကမ္ဘာလောက်ကြာနေတဲ့ ဒီဇိုင်းနဲ့
လွမ်းပြနေတော့ ဒီလူက
အချစ်တွေ ပိုတိုးရပြန်ပြီလေ..။

တကယ့်အချွဲတုံးလေး..။

ခြေဖျားလေးထောက်ပြီး ကျွန်တော့်ပါးပြင်ကို
ခပ်ဖွဖွနမ်းရှိုက်နေပြန်တော့
အမောပြေရပြန်ပြီလေ..။

အချစ်တွေ ခြွေချတဲ့ နည်းလမ်းကို ကျမ်းကျေနေသည့် ကောင်ဆိုးလေး..။

"ဘာတွေစားနေလဲ.."

ကျွန်တော့်ဆီ ပြေးလာတည်းက
ပါးစပ်ထဲမှာ တစ်ခုခု ပလုတ်ပလောင်းဝါးနေတာ သတိထားမိပေမယ့်..။

သူ့အချွဲမှာ မျောပါသွားလို့ အခုမှ မေးရသလို
ပတ်ဝန်းကျင်ကိုလဲ အခုမှ စူးစမ်းကြည့်မိသည်..။

အဲ့ကျမှပဲ ထမင်းစားခန်းထဲမှာ သူနဲ့ ကျွန်တော်အပြင် Tao ပါ ရှိနေမှန်း မြင်တော့တာ..။

"နေပါဦး..ခေါက်ဆွဲပြုတ်စားနေကြတာလား..?"

Tao ရှေ့က စားပွဲခုံပေါ် တင်ထားတဲ့
ပန်းကန်ကို ကြည့်မိတော့
ထိုပန်းကန်ငယ်ထဲက အစားအသောက်သည်
ကျွန်တော့်ကို တခဏအတွင်းမှာပင်
အထိတ်တလန့်ဖြစ်စေသည်..။

အတည်ပြုရန်အတွက်
ူ ခြေလှမ်းတို့က ပန်းကန်ငယ်ရှိရာသို့ လှမ်းမိခဲ့တော့ ထပ်ဆင့်မြင်လိုက်ရသည်က
အနီ ရောင် ရင့်ရင့် အရည်ထဲမှာ
မျောနေသော လက်ကျန်ခေါက်ဆွဲဖတ်တွေ..။

ကိုကို့ အသဲလေး [ Completed ]Donde viven las historias. Descúbrelo ahora