Taeng ~~ anyong . Sooyeon
JSY မျက်ခုံးတွန့်ပြီး သူမနာမည်ခေါ်ကာ
နူတ်ဆက်လာတဲ့ Taeng ကိုကြည့်လိုက်သည်.
Taeng က သူမကို ပြုံးပြနေသည်.JSY ~~ anyong .
သူမလဲ အသံခပ်ပြတ်ပြတ်နဲ့ ပြန်ပြောပြီး
စာအုပ်ကိုပြန်ကြည့်လိုက်သည်.
Taeng သူမကို မနက်ခင်းကျောင်းရောက်တိုင်းနှုတ်ဆက်သည်.
တခါတလေ သူမ အမှတ်တမဲ့ Taeng ဘက်ကိုကြည့်မိရင်လဲ
Taeng က သူမဘက်ကို ခေါင်းစောင်းကာ
နှုတ်ခမ်းစူပြီးပါးဖောင်းထားရင်းသူမကိုကြည့်နေတာနဲ့
အမြဲတမ်းတိုးသည်.
သူမကို အချိန်တိုင်း အဲ့လိုလိုက်ကြည့်နေတာလား 😳
မထင်မှတ်ပဲ မျက်လုံးချင်းဆုံမိတိုင်း
သူမကို နှစ်လိုဖွယ်ဖြုစင်တဲ့အပြုံးလေးတွေနဲ့ပြုံးပြသည်.
နေ့လယ် ထမင်းစားချိန်တိုင်း သူမနဲ့အတူလာစားသည်.
သူမဘက်က Taeng အပေါ်ကိုစိတ်ဝင်စားတဲ့ပုံစံ နွေးထွေးတဲ့ပုံစံမပြပေမယ့်လဲပေါ့.
အခန်းထဲကကျောင်းသားကျောင်းသူတွေက
သူမတို့ကိုကြည့်ကာ တီးတိုးပြောဆိုနေကြတာကို
သူမအာရုံမစိုက်ပဲမနေနိုင်ရလောက်အောင်ပင်
Taeng က သူမအနားမှာအမြဲတမ်းရှိနေသည်.
ဘယ်လိုအကြောင်းကြောင့် Taeng သူမအနားရှိနေလဲ
သေချာမသိပေမယ့် Taeng ရဲ့ အပြုံးတွေထဲမှာ
ဖြုစင်အပြစ်ကင်းတဲ့ မျက်ဝန်းလေးတွေကိုတွေ့ရသည်.
တစ်စုံတစ်ယောက်ရဲ့ နွေးထွေးမှု အပြုံးတွေအောက်မှာ
သူမ အနေရခက်နေပေမဲ့ မသိစိတ်ထဲမှာ
ပျော်နေသည်.
သို့သော်လဲ Taengoo သူမကို ပြုံးပြတိုင်း
သူမဘက်မှ ပြန်ပြုံးမပြမိစေရန် သူမကိုယ်သူမအခါခါသတိပေးနေသည်.
အမြဲတမ်း သီးခြားတယောက်ထဲနေနေကျ သူမ
ရင့်ကျက်နေတဲ့ လူကြီးဆန်ဆန်အတွေးတွေက
သူမခေါင်းထဲဝင်လာသည်.. . ဒီနေ့တစ်နေ့လုံး Sooyeon စာသင်နေတာကို
စိတ်ထဲသိပ်မရောက်.
မနေ့ညနေပိုင်းက အကြောင်းအရာတွေပဲပြန်တွေးနေမိသည်.မနေ့က သူမမိခင်က ဈေးကြီးတဲ့စားသောက်ဆိုင်ကို ညစာစားရန်ခေါ်သွားသည်.
မိခင်နဲ့နှစ်ယောက်အတူ အပြင်ထွက်ရတာကြောင့် ဝမ်းသာနေတာမှမကြာသေး..
စားသောက်ဆိုင်ရောက်တော့ မိခင်ရဲ့အသိယောက်ကျားလေးမိတ်ဆွေဆိုသူနဲ့
ဆိုင်မှာ တဝိုင်းထဲအတူထိုင်ကာ စားသောက်ကြတော့
သူမစိတ်တွေကျဉ်းကြပ်ကာ
ထိုနေရာကနေထွက်ပြေးချင်စိတ်တွေပေါက်နေခဲ့သည်.
အမေနဲ့သမီး နှစ်ယောက်ထဲ စကားတွေပြောရင်းညစာစားကြရမှာမဟုတ်လား.
ဒါ သူတို့ရဲ့ကမ္ဘာလေးပဲလေ.
ဘာကြောင့် အသိမိတ်ဆွေဆိုရုံနဲ့ သူတို့ဝိုင်းမှာအတူစားဖို့
အဲဒီလူကြီးကို မိခင်က ဖိတ်ခေါ်ခဲ့ရတာလဲ.
သူမက မိခင်နဲ့နှစ်ယောက်ထဲပဲ အချိန်တွေကိုကုန်ဆုံးချင်တာ.
သူမရဲ့ဆန္ဒကို သူမဘာဖြစ်နေမယ်ဆိုတာကို
မိခင်က အခုနောက်ပိုင်းအလေးမထားတော့ဘူး. .
သူမ အရမ်းဝမ်းနည်းခဲ့မိတယ် .