နှစ်ဘဝချစ်မေတ္တာ (ep.8)

292 40 8
                                    

Taengoo သူပုံသိပ်မဆွဲတတ်တဲ့ကြားက
ကြိုးစားပမ်းစားဆွဲထားတဲ့လိပ်ပြာပုံလေးကိုကြည့်ပြီးပြုံးနေသည်.
ထိုပုံလေးကို Sooyeon ကိုပြချင်တာကြောင့်
သူမ ကျောင်းခန်းထဲမှာစောင့်နေတာကြာပြီ.
အတန်းကစတော့မယ်.
အခုထိရောက်မလာသေး.
ကျောင်းနောက်ကျမယ်ထင်တယ်.

Taengoo တံခါးကိုပဲလှမ်းလှမ်းကြည့်ကာ
Sooyeon ကိုမျှော်နေသည်.
သူဒီနေ့ကျောင်းမလာဘူးလား.
နေမကောင်းလို့များလား 😓

ထိုအခိုက်
သူထိုင်နေတဲ့ခုံရဲ့နောက်နှစ်ခုံကျော်ကကောင်မလေးတွေ
တီးတိုးပြောဆိုနေတာကိုသူမကြားလိုက်သည်.

girl (1) ~~
ဟဲ့ . . ဟို Sooyeon ဆိုတဲ့သူလေ
သူ့အမေ မနေ့က တခြားယောက်ျားနောက်လိုက်သွားတာ.
သူ့တစ်ယောက်ထဲထားခဲ့တာတဲ့

girl (2) ~~
😯ဟယ် ဟုတ်လား.
နင့်သတင်းကလဲ သေချာလို့လားဟ

girl (1) ~~
သေချာတယ်.
သူ့ဘေးအိမ်ကအန်တီကြီးတစ်ယောက်ပြောတာ.
သူအိမ်မှာမရှိတုန်း ဟိုလူကသူ့အမေကို
ကားနဲ့လာခေါ်သွားတာ အထုတ်အပိုးတွေကောသယ်သွားတာတဲ့

girl (2) ~~
သိပ်တော့လဲမဆန်းပါဘူးလေ.
သူ့အမေက အရင်ကလဲဟိုလူဒီလူတွေနဲ့လျှောက်တွဲနေတာ.
အခုတော့ လုံးဝကိုသူ့ကိုပစ်ထားခဲ့ပြီပေါ့.

girl (1) ~~
ကျောင်းကိုရောက်မလာတဲ့ပုံကြည့်ရင်
တကယ်ဟုတ်မယ်.

အနောက်ဘက်ကကြားနေရတဲ့စကားတွေကြောင့်
Taengoo Sooyeon ကိုစိုးရိမ်ပြီးရင်တွေပူလာသည်.
Sooyeon ကလဲကျောင်းမလာ.
သူတို့ပြောတာဟုတ်နေမလား?

Taengoo စာအုပ်တွေပြန်သိမ်းပြီးလွယ်အိတ်ယူကာ
ကျောင်းခန်းထဲကပြေးထွက်သွားသည်.

လမ်းတစ်လျှောက်မနားပဲ ပြေးလာလိုက်တာ
Sooyeon အိမ်ရှေ့ရောက်တော့ မောလွန်းလို့
ရပ်ပြီး အသက်ဝအောင်ရှူနေသည်.

Taengoo ~~
Sooyeon! !
Sooyeon! !
အိမ်ထဲမှာရှိတယ်မလား. တံခါးဖွင့်ပေး Sooyeon!

အိမ်အပြင်ကအော်ခေါ်တော့အထဲကဘာသံမှထွက်မလာ.
Sooyeon ရှိတယ်ဆိုတာ သူမ,သိနေသည်.
ထို့ကြောင့် တံခါးကိုတွန်းကြည့်လိုက်တော့
တံခါးပွင့်သွားသည်.

နှစ်ဘဝချစ်မေတ္တာWhere stories live. Discover now