Taeng တစ်ယောက် Sooyeon နဲ့ ရင်းနှီးခွင့်ရရန်
ထပ်ကြိုးစားနေသည်.
ဟိုတနေ့က သူမတို့နှစ်ယောက်ကျောင်းခန်းထဲပြန်ဝင်ခါနီး ..
Sooyeon သူမအားတွယ်ဖက်ထားတဲ့
Taeng လက်ကို ဖြုတ်ချကာ အခန်းထဲကို
အစောက သူမ မဟုတ်တော့တဲ့အတိုင်း တယောက်ထဲဝင်သွားသည်.
Taeng အနောက်မှာ ကြောင်တောင်တောင်လေးနဲ့ရပ်နေပီးမှ
လိုက်ဝင်သွားသည်.😐
ထိုနောက်ပိုင်း Sooyeon သူမရဲ့ နေနေကျပုံစံအတိုင်း
Taeng အပေါ် အေးတိအေးစက်နှင့်သာနေသည်.
စကားကိုလဲလိုအပ်တာထက်ပိုမပြော. .Taeng မှာတော့ ကျောင်းခန်းကိုပြန်ရောက်ခါမှ
Sooyeon ဘာကြောင့် ရုတ်တရက်ပြောင်းလဲသွားတယ်ဆိုတာ စဉ်းစားမရ.သူမ Sooyeon ရဲ့ မြင်နေကျ မျက်နှာတည်ထားတဲ့ပုံစံထက်
တခါထဲရှားပါးစွာမြင်ဖူးလိုက်တဲ့ အရယ်အပြုံးလေးကို
Taeng ပိုပြီးသဘောကျမိသည်.😍
Sooyeon အမြဲတမ်းပျော်ရွှင်ရယ်မောနေတာကိုပဲမြင်ချင်မိသည်.
Sooyeon ဟာ သူမမြင်ဖူးသမျှမိန်းကလေးတွေထဲမှာ
အရမ်းကိုချောမောလှပတဲ့မိန်းကလေးတစ်ယောက်ပါ. .
စာလဲတော်သည်. အနေတည်တံ့သည်.
သူမကို လာရောက်အရောဝင်တဲ့ တခြားကျောင်းသားကျောင်းသူတွေလိုမဟုတ်.
သူမ သူနှင့်သူငယ်ချင်းဖြစ်ချင်သည်.
အချိန်တစ်လကြာတဲ့အထိပင် သူမ,ကြိုးစားသမျှတွေမထူးခြားသေး .
Sooyeon ထံမှအေးစက်တဲ့အပြုအမူတွေသာရခဲ့သည်.😞တစ်နေ့ကျတော့ . . . . .
Taeng ~~ Sooyeon . .
အားကစားချိန်ရောက်ပြီ .😄
ငါနင်နဲ့အတူလိုက်ခဲ့မယ် ငါတို့အတူသွားရအောင်. 😊စာအုပ်တွေသိမ်းနေတဲ့ Sooyeon အနား
Taeng မချင့်မရဲသွားပြီးပြောလိုက်သည်.
ခါတိုင်းလဲ အားကစားချိန်ဆိုရင် Sooyeon နားကပ်လိုက်သွားနေကျ.
Sooyeon Taeng ကို ခေါင်းတချက်ငြိမ့်ပြကာ
'အင်း' တစ်လုံးသာပြောသည်.အဝတ်လဲခန်းကိုသွားနေတဲ့လမ်းတလျှောက်
Taeng ဆီက အသက်ရှူသံခပ်ပြင်းပြင်းနှင့်
နှာစေးသံကိုကြားနေရသည်.
Sooyeon ထိုအခါမှ Taeng ကိုသေချာကြည့်လိုက်သည်.
Taeng မျက်နှာက အားမရှိသလိုဖြုဖွေးဆုပ်နေကာ
ချွေးတွေလဲထွက်နေသည်.
နူတ်ခမ်းတွေလဲ ဖြုဖတ်ဖြုရော်ဖြစ်နေသည်.
နှစ်ယောက်လုံးအဝတ်လဲပီးအခန်းပြင်ထွက်လာတော့
Sooyeon မနေနိုင်စွာ Taeng ကိုစကားသွားပြောမိသည်.