နူးညံ့ရင်ခုန်ဖွယ်အနမ်းတွေကြား
ခဏတာယစ်မူးပျော်ဝင်ပြီးနောက်
ဦးနှောက်က 'မဖြစ်သင့်ဘူး'ဆိုတဲ့အတွေးတွေးမိတော့
ပြန်သတိဝင်လာကာ
နမ်းနေတဲ့ Taengoo ကိုတွန်းဖယ်လိုက်သည်.Taengoo ~~
Sooyeon . . . . .နာမည်ခေါ်ပြီး မျက်နှာလေးကိုထပ်ကိုင်မလို့လက်လှမ်းလိုက်တော့
Sooyeon နောက်ဆုတ်ကာရှောင်ပြီးSooyeon ~~
andweTaengoo ~~
(Sooyeonမျက်နှာလေးကိုလိုက်ငေးပြီး)
ငါနင့်ကိုချစ်တယ် SooyeonSooyeon ~~
မချစ်ရဘူး. ချစ်လို့မရဘူး..
ငါတို့ကသူငယ်ချင်းတွေပဲTaengoo ~~
ဒါပေမယ့်......Sooyeon ~~
(စိတ်ဆိုးနေတဲ့ရုပ်လုပ်ကာတမင်မျက်နှာကိုတင်းထားရင်း)
တော်တော့. ထပ်မပြောနဲ့တော့
နင်အိမ်ပြန်သင့်ပြီဒဏ်ရာတွေနဲ့ သူမရဲ့Taengooမျက်နှာလေးကို
သနားလွန်းလို့မကြည့်ရက်တာကြောင့်မျက်နှာလွှဲထားရင်းပြောလိုက်သည်.သူမ,နှင်မှပဲ Taengoo ကပြန်တော့မှာ.
သူမဘက်ကမဖြစ်သင့်တဲ့အရာတွေကိုငြင်းပယ်တားဆီးမှပဲ
Taengoo ခေါင်းမာပြီးရှေ့ဆက်မတိုးမှာ.
တစ်ခြားသူတွေဘယ်သူမှသူ့ကိုတားလို့ရမှာမဟုတ်ဘူး.
သူမကြာင့် သာယာအေးချမ်းနေတဲ့Taengooဘဝလေးကို
မပျက်စီးစေချင်ဘူးဟန်ဆောင်နေတာတွေကိုမျက်ဝန်းတွေကနေတစ်ဆင့်
အဓိပ္ပါယ်ဖော်မိသွားမှာစိုးလို့
သူမအကြည့်တွေအခုထိလွှဲထားဆဲ...Taengoo ~~
(မျက်ရည်တွေဝဲလာကာ အသံတွေတုန်နေရင်း)
နင် ငါ့ကိုတောင်မကြည့်ချင်တော့ဘူးလား.
ငါ့ကိုမုန်းသွားပြီလား 😢Sooyeon ~~
ဟင့်အင်း. ငါဘာမှမဖြစ်ဘူး.
ငါ Imo ဆီသွားရတော့မှာ.
အဲ့ဒါကြောင့်နင်လဲပြန်တော့Taengoo ဆီကအတော်ကြာသည်အထိအသံထွက်မလာ.
သူမကိုကြည့်နေတယ်ဆိုတာ သူမသိသည်.
သူမလဲ ဆေးဘူးပြန်သိမ်းရင်းအလုပ်ရှုပ်နေသလိုလုပ်လိုက်သည်.Taengoo ~~
arrasaw.
ငါ့ကိုဆေးလိမ်းပေးတာကျေးဇူးတင်ပါတယ်.
ငါမနက်ဖြန်ထပ်လာခဲ့မယ်.
ပြီးတော့ နင်ကျောင်းပြန်တက်မယ့်နေ့ကိုလဲစောင့်နေမယ်
ငါပြန်ပြီ .... Sooyeon