Thai နိုင်ငံ နယ်စပ်တစ်နေရာ......
ဒုစရိုက်မှုတွေကြီးစိုးရာ နယ်မြေတစ်ခု.....သာယာလှပသောတောတောင်တွေကို ခြေကုတ် ယူကာ စည်ကားလှသော တောမကျ မြို့မကျ ရွာငယ်လေး အကာကွယ်နှင့် ကျင်လည်ကျတ်စားနေသော ဒုစရိုက်သားများ တည်ရှိရာ ဌာနေ......''သစ်....ခနနေ ဆရာလာတော့မယ် အဆင်သင့်ပြင်ထား´´
အခန်းဝက ဘညိုရဲ့ ဆရာဆိုတဲ့ အသံကြားတာနဲ့ ရာစုသစ်
မျက်နှာ ရှုံ့မဲ့သွားသည်......အလှည့်ကျ တာဝန်
ယူထားသည့် ဆရာ သုံးရောက်က အလှည့်နဲ့ပေမယ့် သူ့မှာ
တော့နားချိန်တောင်မရှိ .....တစ်နေ့တစ်နေ့ သင်
ရတဲ့ဘာသာစကားကလဲ ဘယ်နှစ်မျိုးမှန်းပင် မမှတ်မိတော့
ဒါတောင် ဘညိုပြောတာ သခင်လေးကို မမှီ
သေးဘူးတဲ့...သခင်လေးဆို ကိုယ်ခံပညာပါသင်ရင်း နားချိန်
ဆိုတာ ဘာလဲ မေးယူရမယ့် လူမျိုးတဲ့.....
ကြားခါစက သူယုံတောင်မယုံနိုင် .... လူပုံက ဖြူဖြူနွဲ့နွဲ့
ချောမော နုဖပ် နေတဲ့သူက အဲ့လောက်ထိ အပင်ပန်းခံ နိုင်မှန်း..........တကယ်ဆို သခင့် အကြောင်းသူမသိပါ....ဘယ်လိုလူမှန်း ဘာအလုပ်လုပ်မှန်း......
သူ့ရှေ့တွင်ဆရာလေးဟုခေါ်သော်ငြား သူ့ကွယ်ရာတွင်
တော့သခင်လေးဟုခေါ်တတ်သောဘညို စီမှ တစ်ခါတစ်
လေ ကြွားတတ်သော သူ့ဘဝထဲက တစ်စွန်းတစ်စ အ
ကြောင်းရာများသာ......သိခွင့်ရှိသည်...
စပ်စုတာမကြိုက်သော သူသည် လျှို့ဝှတ် လွန်းတဲ့သူတစ်ယောက်ဖြစ်သည်...........
သူသိတာ တစ်ခုပဲ...
အဲ့ဒါ ဘာလဲဆို ငယ်ရွယ်နုပျိုလှသော အသက်20အရွယ်
လူငယ်လေးသည် တပည့်ပေါင်းမြောက်များစွာရဲ့
ဆရာအဖြစ်တည်ရှိနေသလို....သူ့ထက်အသက်ကြီးရင့်
သော လူမိုက်ကြီးများကပင် တလေးတစား ဦးညွှတ်ခံနေရတဲ့
ခေါင်းဆောင်တစ်ဦးဆိုတာပင်........!!!!ဒုန်း.....
စားပွဲကို အားနဲ့ထုချလိုက်တဲ့အသံက ကျယ်လောင်လွန်းတာမို့ ဒူးထောက်နေတဲ့ လူ တကိုယ်လုံးတုန်သွားသည်....