တီ....တီ.....
"အေး ပြော......အင်း....ဘာ"
တစ်ဖက်မှဖုန်းပြောနေသူ၏ အထိန့်တလန့် အသံကြောင့် ကားမောင်းနေသူလှည့်ကြည့်လာသည်
"ဘာတဲ့လဲ "
"ဆရာနက် ထိသွားပီတဲ့"
"ဘာ"
အာမေဠိတ်သံ သုံးခု တစ်ပြိုင်နက်တည်း ထွက်လာသည်...ထို့နောက်ကြောက်လန့်မှုတွေက မျက်နှာပေါ်တွေမှာအထင်းသား.....လက်ထဲကဖုန်းကို အိပ်ထဲထည့်ပီး နောက်ခန်းကိုလှည့်ကြည့်လိုက်သည်.....
ဆရာနက် ခေါ်သွားဆိုသဖြင့် ဖမ်းခေါ်လာသည့် ကောင်လေး ......လက်လေးနှစ်ဖက်ကို ဆုပ်ကိုင်ပြီး မျက်လုံးမှိတ်ထားကာ မျက်ရည်တွေ တွင်တွင်ကျနေသည်မှ လွဲ၍ ဘာမှမထူးခြားပေ....ထူးခြားသည်က လေလွင့် ပင် လူပေါင်းများစွာ သူ့ရှေ့တင် သက်ဖြက်ခံနေရရင်တောင် တစ်ချက်လှည့်မကြည့်တတ်သည့်လူစား သူ့ဘေးတွင်ကမ္ဘာပျက်မတတ်ဖြစ်နေရင်တောင် သူ့ကိုမထိသရွေ့ လှည့်မကြည့်တတ့်သည့် လူမျိုးက ဒီကောင်လေးတစ်ယောက်အတွက်နဲ့ ဝံပလွေဂိုဏ်းကိုတောင် ရန်သူသက်မှတ်ခဲ့ပြီ.....
ဝံပလွေဂိုဏ်းသည် သေးငယ်သော အဖွဲ့စည်းလေးမဟုတ်...နိုင်ငံတကာ တွင် ခြေကုတ် ရယူထားနိုင်သော ကြီးမားသော ဒုစရိုက် ဂိုဏ်းကြီးတစ်ခုဖြစ်သည် အဆင့်သတ်မှတ်ထားသော ခေါင်းဆောင်တိုင်းသည် အရည်အချင်းရှိသည့်သူမှသာရွေးချယ်ခန့်ထားခြင်းပင်....အခုဆရာနက်ထိသွားပီဆိုရင် နောက်ထပ်ပစ်မှက်က ........မကြာခင်ရောက်လာတော့မည် အန္တရယ်ကြောင့် တွေးမိတာနဲ့တင် လူက ကျောတောင့်သွားသည်........
"မင်း အနက်ရောငိတွေကို အသင့်ပြင်ခိုင်းထားလိုက်တော့"
ကားမောင်းတဲ့သူ သတိပေးလာမှ ဖုန်းကိုပြန်ထုတ်ရသည် သူတို့အဖွဲ့တွင် သွားလာလှုပ်ရှားမှုပေါ်မူတည်ပြီး အရောင်ခွဲသက်မှတ်ကြသည်....သူပြောသည့် အနက်ရောင်ဆိုသည်မှာ ဆိုင်ကယ်သမားများကိုဖြစ်သည်.......