နိုးထခြင်းရဲ့ မနက်ခင်းမှာ ကြည်လင်နေတဲ့ စိတ်အစဉ်ကြောင့် သူနှစ်ချိုက်စွာ အိပ်ပျော်ခဲ့မှန်းသိသည်။
ဒုတိယအကြိမ်.... ဒါဟာ ၁၆နှစ်အတွင်း အိပ်မက်ဆိုးတို့ မနှောက်ယှက်ပဲ နှစ်ချိုက်စွာ အိပ်ပျော်နိုင်တာပင် ။
လက်စီမှ အသိတစ်ခုကြောင့် နဘေးကို စောင်းငဲ့ကြည့်မိတော့ လက်ကိုဖွဖွဆုပ်ကိုင်ရင်း ကုတင်ပေါ် မှေးတင်အိပ်စက်နေသူ ......။ဆံပင်တိုတိုကို လှန်သိမ်းထားသဖြင့် ခန့်ညားသော မဟာနဖူးပြင်ကျယ်အောက်မှ ထိစပ်လုလု မျက်ခုံးတို့ မည်းနက်နေပုံမှာ မဖြူလွန်းသော်လည်း မညိုသော အသားအရေပေါ်မှာ ထင်းနေသည် ။ အဖုပိန့်အစက်ပြောက်ကင်းသော မျက်နှာပြင် ချွန်မြသောနှာတံအောက်မှ လေးကိုင်သဏ္ဍာန်နှုတ်ခမ်းတို့က အနည်းငယ်ပြုံးရယ်နေသလို ...
အိမ်မက်ထဲ ပျော်စရာတွေ မက်နေလို့ထင်တယ် မြင်နေရတဲ့ ပါးတစ်ဖက်ပေါ်က ရှည်မျောမျော ချိုင့်ခွက် ရာလေးက ရေးရေးပေါ်နေသည်။
မေ့ပြောက်နိုင်မယ်လို့ထင်ခဲ့တာ မေ့လဲမေ့ထားခဲ့တာမို့ ခနတာဖြစ်တည်တဲ့ ခံစားချက်တို့အဖြစ်သာ ထင်မှတ်ခဲ့မိသည်။
ဒါပေမယ့် ပြန်ဆုံချိန်မှာ သူအထင်တွေမှားယွင်းခဲ့မှန်း ကိုယ့်ကိုယ်ကို သိခဲ့သည်။
တခါးဖွင့်လိုက်တာနဲ့ အဝမှာရပ်နေတဲ့သူ အရင်လိုခလေးပိစိမဟုတ်တော့ မြင့်မားသည့်အရပ်က 5'10 ရှိသည့် သူ့အရပ်ထက် ခေါင်းတစ်လုံးသာချင်နေသည် ။
သဘောကျခဲ့သည့် မျက်ဝန်းနက်နက်များက ပို၍စူးရှနေသလို ကြည့်နေသူရဲ့အတွင်းစိတ်တွေထိ လှမ်းကြည့်နေသလိုခံစားရကာ သူမျက်နှာလွှဲမိသည်သဘောကျပေမယ့်သူမကြည့်ရဲ သူနဲ့ရှိချိန်တိုင်း စိတ်ထဲရှိသလို ဟန်မဆောင်ပဲနေတတ်တာမို့ ရင်ထဲသယံဇာတတချို့ကို သူမသိစေချင်ပါ...။မလိုချင်ပဲ ရလာတဲ့ ခံစားချက်တချို့ကို
ငါကိုယ်တိုင်ပဲ မြေမြှုတ်ပစ်မှာမို့
မင်းသိဖို့မလိုအပ်ဘူးထင်တယ်.....။