"ဝံပလွေဂိုဏ်းက ဒီကိစ္စကို လွယ်လွယ်လေး အလျှော့ပေးမှာမဟုတ်ဘူး သူတို့ဘယ်လောက်ယုတ်မာလဲ မင်းသိရဲ့သားနဲ့ ဘာလို့ "
"ငါအစောကြီးထဲက သိနေတာပဲ just ..ငါ့ကိုမေးခွန်းတွေမထုတ်နဲ့ "
"Ok မေးခွန်းမထုတ်ဘူး ခု မင်းရဲ့အားနည်းချက်က ဒီကောင်လေးလို့ သူတို့သက်မှတ်သွားပီ ခုချိန်မှာ ငြိမ်နေတာ ဝံပလွေတွေပီပီ ကောက်ကျစ်ဖို့ ကြံစည်နေတယ်ဆိုတာ မင်းသိရဲ့လား "
"ငါ့ရဲ့အားနည်းချက် ဒီကောင်လေးက ဟား..."
မရယ်ချင်ပါပဲ ခေါင်းမော့ရယ်လိုက်တော့ မျက်နှာကိုအုပ်ကွယ်ပေးထားတဲ့ ဆံနွယ်တစ်ချို့ လွတ်ကင်းသွားတဲ့ ပန်းနုရောင်ပါးပြင်လေးနဲ့ သွားချွန်ချွန်လေးက မြင်ကွင်းထဲခနတာ နေရာယူသည်။ဘယ်လောက်ပဲ ကြမ်းတမ်းအောင်နေနေ ရယ်လိုက်တိုင်း နုငယ်သွားသည့်မျက်နှာက မျက်နှာပေါ်တမင်ထားထားသော အမွှေးအမျှင်တွေသာ ရှိမနေလျှင်။
"Just ငါမင်းကို ညဏ်ကောင်းမယ်ထင်ထားတာ မင်းခုထိညံ့သေးတယ် ငါ့ကိုဆုပ်ကိုင်နိုင်မယ့်အားနည်းချက် hk အဲ့ဒါ ဘယ်တော့မှရှိလာမှာ မဟုတ်ဘူး"
"ဒါဆိုလဲ ဒီကောင်လေးကို မင်းပစ်ထားသင့်တယ် နေ.... ခုချိန် ဒီကောင်လေးကိုပစ်မှတ်ထားနေတာ ဝံပလွေတွေပဲ မဟုတ်ဘူးနောက်တစ်ယောက်ရှိသေးတယ် "
"ဦးမင်းလွင် မှလား "
"မင်းကိုငါနားလည်တယ်နေ ...ဒါပေမယ့် ဒီကိစ္စကို ဦးမင်းလွင်ဆိုတဲ့လူကြီးက လက်ခံမှာမဟုတ်ဘူး နဂိုထဲက မင်းကိုဘယ်နည်းနဲ့ ဖြုတ်ချရမလဲ ကြံစည်နေတယ်ဆိုတာ မင်းမေ့ထားတာလား "
"Hom "
ခပ်မဲ့မဲ့ တွန့်သွားသည့်နှုတ်ခမ်းပါးက တခြားသူတွေသာဆို ရုပ်ဆိုးသွားနိုင်ပေမယ့် သူ့ရှေ့ကလူသားအဖို့တော့ လူသတ်လက်နက်တစ်ခု။ ငယ်ငယ်လေးထဲက ပညာအတူသင်ခဲ့ရလို့ သူငယ်ချင်းအဖြစ်သူသက်မှတ်ခဲ့ပေမယ့် ကိုယ့်အတွက်တော့သခင်နဲ့ကျွန် စိတ်ထဲရှိသလိုပြောချလိုက်ချင်ပေမယ့် ချင့်ချိန်နေရသည်။