(7) Your haunting past

7.7K 764 71
                                    

(7) Your hunting past

(Zawgyi)

သွေး ... သွေးကွက်တွေ ...

မဟုတ်သေးဘူး ... သွေးတွေအိုင်ထွန်းနေတဲ့ အလယ်မှာ သူရပ်နေမိတယ် ...

ဘာလို့ တခြားအရာတွေ အားလုံးမှောင်ပိန်းနေရတာလဲ ...

အသက်ရှုလို့ မဝဘူး ... မွန်းကြပ်တယ် ... ဒီနေရာကြီးကနေ သူ့ကို တစ်ယောက်လောက်က ခေါ်ထုတ်ပေးသွားပါ ...

ကယ်ပေးပါ ...

ကျေးဇူးပြုပြီး ...

"Yukio"

ခေါ်သံကြားတယ် ...

ဘယ်နေရာကလဲ ...

သူ ဘာမှမမြင်ရဘူး ...

နောက်တစ်ခေါက်လောက် ထပ်ခေါ်ပေးပါလား ...

တောင်းပန်ပါတယ် ...

-----

Yukio အိပ်မက်ဆိုးတွေ မက်နေပုံပေါ်သည်။ Tiffi ခေါ်နှိုးလိုက်တော့ မပီဝိုးတဝါးအသံနဲ့ သူတုံ့ပြန်သည်။

ပက်လက်အနေအထားနဲ့ အိပ်နေရင်းက တစ်ခုခုကို အကြောက်အကန်ရုန်းကန်နေသလို ဘယ်ညာလူးလိမ့်နေသည်။

"ဟိတ် Yukio ... Yukio !!"

Tiffi အတင်းလှုပ်နိုးလိုက်ကာမှ သူ မျက်လုံးတွေ ဖျတ်ခနဲပွင့်လာ၏ ...

"ကိုယ်တော်ချော သတိရပြီလား"

နိုးလာပြီး ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်တော့ သူမမြင်ဖူး မရောက်ဖူးတဲ့ အခန်းတစ်ခုထဲမှာ ...

ကျယ်ကျယ်ဝန်းဝန်းရှိပြီး သေချာပြင်ဆင်ထားသော အခန်းဖြစ်နေ၍ Yukio စိတ်ပေါ့ပါးစွာနဲ့ သက်ပြင်းချလိုက်သည်။

Tiffi က ရေတစ်ခွက်ပေးလိုက်ပြီး _

"ဘာမှစိတ်မပူနဲ့ ... ငါတို့အိမ်မှာ အေးဆေးနားလို့ရတယ် ... ဒါနဲ့ ညက ဘာဖြစ်သွားလဲ ကိုယ့်ဘာကို မှတ်မိရဲ့လား"

Yukio ခေါင်းခါပြလိုက်သည်။ Tiffi က အနားမှာရှိနေပြီးသား သဘက်နဲ့ Yukio နဖူးက ချွေးစေးတွေကို သုတ်ပေးလိုက်ရင်း _

"ငါပြန်ရောက်တော့ နင် Kimmy ပေါ်မှာ သတိလစ်နေတာကို တွေ့တာပဲ ... Kimmy က ငိုနေတယ် ... Pesoဆိုတဲ့ အကောင်ကလည်း ဘာမှသုံးစားမရဘူး"

He is a fucking mafia's little brotherWhere stories live. Discover now