(8) Confession that has no romance(Zawgyi)
"Senpai !! အမြန်လာ !!"
Kimmy တစ်ယောက် Yukioကို အတင်းဆွဲခေါ်ရင်း Tiffi တို့ အတွဲနောက်သို့ မရမကကို လိုက်ချောင်းသည်။
"ငါ့ခြေထောက် နာနေတယ်ကွ !!"
ခြေထောက်က ဒဏ်ရာက နာရတဲ့အထဲ အတင်းကို ဆွဲခေါ်တဲ့နောက် မနည်းလိုက်နေရတဲ့အခါ ဒေါသထွက်လာပြီး အော်မိသည်။
"Senpai ကလည်း !! ကျွန်တော် ချီရမလား"
သူတို့နှစ်ယောက် ဗြောင်းဆန်နေစဉ် ရှေ့ကသွားနေသော Tiffi က Ryan ရဲ့လက်မောင်းကို ဖက်လိုက်ပြီး ခြေဖျားထောက်ကာ နားနားတိုးတိုးလေးကပ်၍ _
"မောင် … နောက်ကနေ နောက်ယောင်ခံလိုက်တဲ့သူ ပါလာသလိုပဲ"
"Scarlet ရဲ့ အချစ်ဆုံး မောင်လေးလေ"
Ryan က ပြုံးစစနဲ့ ဖြေလိုက်သည်။ Tiffi ခေါင်းရှုပ်သွားတော့သည်။
"ဒီကောင်လေးကတော့"
ဘယ်လိုတောင် အေးအေးဆေးဆေး မနေနိုင်ပဲ လိုက်ရှုပ်ချင်ရတာလဲ …
"မျက်ခြေဖြတ်ခဲ့ကြစို့ကွာ"
"လုပ်လိုက်လေ"
Ryan က Tiffi ရဲ့လက်ကို ဆွဲကာ လှစ်ခနဲပြေးထွက်သွားပြီး ဟိုဝင်ဒီထွက်နဲ့ ပတ်လိုက်ရာ Kimmy မူးပြီး မျက်ခြေပြတ်သွားတော့သည်။
"တွေ့တော့ဘူး ပျောက်သွားပြီ!!"
"ပြန်ကြပါစို့ကွာ"
Yukio ဟောဟဲပင်လိုက်နေတော့သည်။ Kimmy ကတော့ ထုံးစံအတိုင်း စပ်စလူးကို နတ်ဝင်ပူးတဲ့ကြားက ပျားအတုပ်ခံရသလိုကို ဖျတ်ဖျတ်လူးနေဆဲ … ။
"ဟင့်အင်း … ထွက်လာလက်စနဲ့တော့ အချည်းနှီးမဖြစ်အောင် လုပ်စို့လေ"
ပြောပြောဆိုဆိုနဲ့ Yukio ကို ကစားကွင်းဘက် ဆွဲခေါ်သွားတော့သည်။
"ဖြေးဖြေးဆွဲဟ!!"
ရိုလာကိုစတာရှေ့သို့ရောက်သော လက်ညှိုးထိုးပြရင်း Yukio ကို ကြည့်လိုက်သည်။
"Senpai !!! "
"အာ … Moricana မလုပ်စမ်းနဲ့ … ငါ အဲ့ဒါတွေ မစီး …"
YOU ARE READING
He is a fucking mafia's little brother
Action"အဓမ္မတရားနဲ့ အရာအားလုံးကို အောင်နိုင်တယ်" - Pinky Kitty -