Tomorrow, I will love you more

2K 206 39
                                    

[Unicode]

A/N : ဘာမှတော့မဖြစ်လောက်ဘူးထင်ပေမယ့် … အိုင်ကတော့ တာဝန်အရ Warning ပေးတယ် … အတိတ်ကဖြစ်ခဲ့တာတွေ (ဒီစာရေးသူပေါက်ကရလုပ်ခဲ့သမျှ) မေ့လိုက်ပါတော့ … Kimmy လေးဟာ သူ့ Senpai နဲ့ ပျော်ပျော်ရွှင်ရွှင် ငိုလိုက်ရယ်လိုက်ပါပဲ

Enjoy ~~~

အားလုံးသိထားသည့်အတိုင်း အတူတူနေလာသည်မှာ ဆယ်စုနှစ်ကျော်ခဲ့ပြီဖြစ်သော်လည်း Kimmy တစ်ယောက်မှာ ဆယ်ကြိမ်ပြည့်အောင်ပင် တရားဝင်အတူတူမနေရသေး၍ စိတ်ဆင်းရဲနေ၏။

အခုလည်း နှစ်ယောက်စလုံး ကုတင်ပေါ်မှာရှိနေသည်။ Yukio က အလုပ်လုပ်နေသည်။ Kimmy က ဘေးကနေ ခေါင်းအုံးကြီးပိုက်လျက် Yukio ကို စူပုပ်ပြီးကြည့်နေသည်။

"ကျွန်တော်က Senpai ကို အရမ်းမုန်းတယ်! သိလား"

Kimmy က စိတ်ဆိုးမာန်ဆိုးနဲ့ ဆောင့်ကြီးအောင့်ကြီးပြောနေသော်လည်း Yukio တစ်ယောက်က Laptop ကိုကြည့်ကာ အလုပ်လုပ်မပျက်ပေ။

"ဘာဖြစ်ပြန်ပြီလဲ .. အရင်ကပြောတော့ ချစ်တယ်ဆို"

"အခု မချစ်တော့ဘူး! Senpai က ကျွန်တော့်ကို အလိုမလိုက်ဘူး"

Yukio က အရေးကြီးဖိုင်တချို့ကို သိမ်းဆည်းပြီးသည့်အခါ Laptop ကို ပိတ်လိုက်ရင်း Kimmy ကို မျက်နှာချင်းဆိုင်လိုက်၏။

"ဟမ်"

"မဟမ်ရဘူး Senpai … ဒီညကနေ ဟိုညရွှေ့ … ဟိုညကနေ ဟိုးညရွှေ့နဲ့ … Senpai က ကျွန်တော့်ကိုမချစ်လို့ တစ်ညပြီးတစ်ည ရွှေ့နေတာမလား… မုန်းတယ်မုန်းတယ်… Senpai ကို မုန်းတယ်!"

ချစ်တယ် ချစ်တယ်ဆိုသည့် စကားကို စက်သေနတ်ပစ်သည်ထက်ဆိုးအောင် နေ့တိုင်းပြောနေသည့် Kimmy ပါးစပ်က မုန်းသည်ဟူသည့်စကားထွက်လာတော့ Yukio စိတ်ထဲ ခိုးလုခုလုတော့ဖြစ်သွားသည်။ တကယ်ပြောတာလား ဒီတိုင်းလျှောက်ပြောတာလား …  တကယ်ဆို ဘယ်လိုလုပ်ပါ့မလဲ …

Yukio စိတ်ပူသလိုလိုရှိပေမယ့် Kimmy ကို ယုံတာကြောင့် ပေါက်ကရအတွေးတွေကို ဖယ်လိုက်သည်။ ပေါက်ကရအတွေးတွေကို ဖယ်တော့ စနောက်ချင်စိတ်က ပေါက်လာပြန်၏။

"ဒုတိယမြောက် … အံဆွဲဖွင့်လိုက်"

"ဘာလို့လဲ"

He is a fucking mafia's little brotherWhere stories live. Discover now