အသက်တမျှသူ(part-2)Z×U

5.5K 398 4
                                    

Flash back ~~~~~~~

Kyungsoo တစ်ယောက် ပထမဆုံးကျောင်းတက်ရက်မို့လို့ အရမ်းစိတ်လှုပ်ရှားနေသည်

နယ်ကနေ seoul ကိုပြောင်းလာတာမကြာသေးတော့ သူများတွေထက် ၂ ပတ်နောက်ကျပြီးမှ တက်ရသောကြောင့် ပင်ဖြစ်သည်

Kyungsoo ကျောင်းသို့ဝင်ဝင်ချငိး ကျောင်း၏ခမ်းနားတဲ့ ပုံစံကြောင့် ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေတုန်း နောက်ကတစ်ယောက်ယောက်က တွန်းလိုက်သလိုဖြစ်သွားသောကြောင့် kyungsoo အရှိန်မထိန်းနိုင်ပဲ မြေပေါ်သို့လဲကျသွားသည်

သူမော့ကြည့် လိုက်တော့
သူ.........
စူးရှသောမျက်ဝန်း
မထူမပါးသောနှုတ်ခမ်းတစ်စုံ
အနည်းငယ် ညိုနေသော အသားအရည်
Smart ဖြစ်သော ခန္ဓာကိုယ်အချိုးအစားနဲ် သူ့ကို တွေ့လိုကိရသဖြင့် အကြာကြီးကြည့်နေမိသည်

သို့သော် သူက kyungsoo ကိုမထိတထိပြုံးပြကာ ကျောခိုင်းသွားသည်

Kyungsoo သူ့ကျောပြင်ကိုကြည့်ရင်း အချိန်ကြာမှ ကမန်းကတန်းထကာ သူတက်ရမည့် စာသင်ခန်းထဲသို့သွားသည်

Kyungsoo အတွက် ကျောင်းတက်ရက်ပထမဆုံးက ထင်သလောက် မဆိုးပေ ထို့အပြင် သူငယ်ချင်းတစ့်ယောက် ပါရလာသေးသည်

သူ့နာမည်က Luhan တဲ့ သူက China ကလာတာ အရမ်းခင်ဖို့ကောင်းပြီး kyungsoo ကိုဂရုစိုက်သည်

ခင်တာမကြာသေးသော်လည်း သူနဲ့ အချစ်ဆုံးသူငယ်ချငိးဖြစ်လာသည်..

ကျောင်းတက်ရက်၂ပတ် ကျော်လာခဲ့ပြီ

Kyungsoo Luhan နဲ့အတူ canteen မှာထိုင်နေတုန်း

"Wow wow wow Kim Kai ဆိုတဲ့သာကိုတော့ လက်လန်တယ် မနေ့က ပဲရည်းစားရတယ် ခုနောက်တစ်ယောက် မိနကလေးတွေကလည်း ဘာလို့ကြိုက်နေလဲမသိ" ဆိုပြီး Luhan ပြောတော့

Kyungsoo နောက်ကိုလှည့်ကြည့်လိုက်တော့ ကောင်မလေးတစ်ယောက်ရဲ့ခါးကို တင်းကျပ်စွာဖက်ထားသောသ

Kyungsoo လည်းသိချင်တာနဲ့ luhan ကိုမေးတော့ luhan က

"Ok သူနာမညိက Kim kai ငါတို့ကျောင်းရဲ့ နာမည်အကြီးဆုံး King တစ်ယောက်တိုလည်းမမှား သူက ငါတို့ထက် ၃ နှစ် ကြီးတယ် ပြီးတော့ သူက play boy, မာနမင်းသား,fighter ပေါ့ မိန်းကလေးတွေဆိုမိုလိုပေါက်အောင်ထားတာ အများဆုံးတစ်ပတ်ပဲတွဲတယ်" ဆိုပြီးပြောတော့ Kyungsoo မျက်နှာလေးငယ်ကာ သက်ပြင်းချမိသည်

အသက်တမျှသူ[Z×U]Where stories live. Discover now