အသက်တမျှသူ(part-11)Z×U

4.5K 355 19
                                    

Kyungsoo အတန်းထဲက ပြေးထွက်လာပြီး ကျောင်းဝင်းထဲက အပန်းဖြေနေရာမှာ ရှိတဲ့ သစ်ပင်လေးအောက်မှာ ထိုင်ချလိုက်တော့တယ်

"Do Kyungsoo သူ့ကိုမေ့ဖို့ ဘာတွေများ ဒီလောက်ခက်နေတာလဲ မင်းနဲ့ သူနဲ့ ဘာမှ မဆိုင်တော့ဘူးလေ ဒါကို ဘာလို့ သူ့ကို တွေ့တိုင်း နာကျင်နေရတာလဲ"

သူ့ကိုသူ ပြန်ပြောမိသည်

အပင်ကို မှီပြီး မျက်လုံးလေးမှိတ်ကာ နားလိုက်သည် မျက်ရည်စလေးတွေကလည်း ဖောက်ကနဲ ကျနေသည်

ခဏကြာတော့ သူ တောင်ကုန်းပေါ်ရောက်သွားသည် ထို့နောက် တောင်ထိပ်မှာရပ်နေတဲ့ လူတစ်ယောက် အဖြူရောင်ဝတ်စုံလေးနဲ့

သူ့နားကိုသွားပြီး ကြည့်လိုက်တော့ ရင်းနှီးနေသော ကျောပြင်

မဟုတ်လောက်ပါဘူးလို့ ထင်နေတာ
လှည့်ကြည့်လာတော့သူ..သူ အရမ်းချစ်ရတဲ့ Kai.. က သူ့ကိုပြုံးကြည့်နေတယိ

တစ်ခါမှ မမြင်ဖူးတဲ့အပြုံးနဲ့ ကြည့်နေတာ
ပြီးတော့ သူကျွန်တော့်ဆီ ကိုတစ်လှမ်းချင်းစီလာနေတယိ

အနားရောက်တော့ ခါးလေးကို ဆွဲယူပြီး နဖူး ပါး ပြီးတော့ ကျွန်တော့်နှုတ်ခမ်းကို နမ်းနေတာ

နမ်းနေတာကလည်း နူးညံ့မှု အပြည့်နဲ့ အရင်လို ကြမ်းတမ်းခက်ထန်ခြင်းမရှိ

ကျွန်တော်လည်း သူ့အနမ်းတွေကို တုံ့ပြန်နေတယ်

ရုတ်တရက် ကျွန်တော် အသက်ရှူလို့ မရတော့ဘူး ကျွန်တော် ထုနေတယ် အားကုန်သုံးပြီး ထုနေတယ် မျက်လုံးတွေလည်း ပွင့်လာတယ်

ဒါပေမယ့် ကျွန်တော့်လက်တွေ အားလျော့သွားတယ်

ဟုတ်တယ်လေ ကျွန်တေိာ အရမ်းချစ်တဲ့ Kai က အပြင်မှာ ကျွန်တော့် နှုတ်ခမ်း ကို နမ်းနေတာ
ဒါပေမယ့် သူ့အနမ်းက နူးညံ့ခြင်းမရှိပေ

နောက်ပိုင်း သူ့အနမ်းမှာ မြောသွားလို့လားမသိ ကျွန်တော်လည်း ပြန်တုံ့ပြန်လိုက်မိသည်

အချိန်အနည်းငယ်ကြာမှ ကျွန်တော့် နှုတ်ခမ်းလေးကို စုတ်ပြီး အရှိန်သပ်ကာ လွှတ်ပေးလိုက်သည်

အသက်တမျှသူ[Z×U]Where stories live. Discover now