အသက်တမျှသူ(part-14)Z×U

4.5K 322 5
                                    

Kai က Kyungsoo ရဲ့လက်ကို ကိုင်ပြီး အတန်းထဲဝင်လာတော့ အကုန်လုံးက အံသြနေသော မျက်နှာများဖြင့် ကြည့်နေကြသည်

Kyungsoo က တော့ Kai ကို ကွယ်ပြီး ခေါင်းကိုသာ  ငုံ့ထားသည်

"Hk Do Kyungsoo ဒါက ဘယ်လိုပုံစံ ဖြစ်လာတာလဲ ဘာလဲ နငိကဘာတွေသွားပြောပြီး သူ့နားမှာ ထပ်နေချင်သေးတာလဲ"

"Hana မင်းသူ့ကို ပြောစရာမလိုဘူး
ငါပြောလိုက်မယ်
ဒီနေ့ကစပြီး Do Kyungsoo ဆိုတာ ငါ့ချစ်သူပဲ ဒါကြောင့် သူ့ကိုလက်ဖျားနဲ့ထိဖို့တောင် မကြိုးစားကြနဲ့ "

Kai ပြောလိုက်တဲ့စကားကြောင့် Kyungsoo ပျော်လွန်းလို့ မျက်ရည်ကျနေသညိ

သူ့ဘဝမှာ မျှော်လင့်တောင့်တဆုံး အရာတစ်ခုဖြစ်သောကြောင်ပင်

~~~~~~~~~~
Kai ထွက်သွားတော့ အကုန်လုံးက သူ့ကို ဝိုင်းကြည့်ကြသည်
အချို့က ရှုံ့ချသော မျက်လုံးများဖြင့်
အချို့က စိတ်ပျက်သော ပုံစံဖြင့်

ဘယ်လိုပုံစံ မျိုးနဲ့ပဲ ကြည့်ကြည့် ဂရုမစိုက်ပေ

သူဆိုတာ အစကတည်းက ဒီလိုအကြည့်ခံနေရတော့ ကျင့်သားရနေပြီပင်

ထိုင်နေကျနေရာမှာသွားထိုင်ပြီး မသိကျိုးကျွန်ပြုထားလိုက်သည်

ခဏနေတော့ Luhan ရောက်လာကာ သူ့ကိုမေးသည်

အနည်းအကျဉ်းတော့သိထားပေမယ့် အလုံးစုံကိုတော့ မပြောထားပေ

အကုန်ပြောပြလိုက်တော့ ပါးစပ်အဟောင်းသားလေးနှင့်ပင်

"Kyungsoo yrrr မင်းသေချာစဉ်းစားပြီးပြီလား ငါက မင်းသဘောအတိုင်းပဲ ဆိုပေမယ့် မင်းနာကျင်မှာတော့ မကြည့်နိုင်ဘူး
မင်းတစိခုခုဖြစ်ရင် ငါသူ့ကိုဒီတိုင်းထားမှာမဟုတ်ဘူး"

"Hum ငါ့ကိုနားလည်ပေးလို့ကျေးဇူးတင်ပါတယ်
ငါလည်းအစက မဖြစ်နိုင်ဘူးလို့ စဉ်းစားပေမယ့်
စဉ်းစားခဲ့ပေမယ့် ငါမလုပ်နိုင်ဘူးကွာ"

Kyungsoo ပြောရင်းငိုတော့ ကျောလေးပုတ်ပြီး နှစ်သိမ့်ပေးလိုက်သည်

~~~~~~~~~

"Omma နေရတာအဆင်ပြေရဲ့လား
ကျွန်တော်ဒီတစ်ပတ်ပြန်လာမလို့ ဘာစားချင်တာရှိလဲ appa ရဲ့ နှစ်ပတ်လည်နေ့လည်းနီးလာပြီမလား  omma လိုချင်တာပြောလေ"

အသက်တမျှသူ[Z×U]Where stories live. Discover now