အသက်တမျှသူ(part-21)Z×U

3.5K 306 37
                                    

တစ်ညလုံး ငိုကာ....မနက်မိုးလင်းခါနီးမှ
အိပ်ပျော်သွားသော Kyungsoo ကို
စောင့်ကြည့်နေရင်း...သူအိပ်ပျော်သွားမှ ခန္ဓာကိုယ်လေးကို..ပွေ့ချီကာ.... အိပ်ရာပေါ် အိပ်စက်စေလိုက်သည်..

ငိုထား၍ ဖောင်းအစ်နေသော မျက်နှာလေးကို ကိုင်ရင်း...

မျက်ရည်များစွာ...စီးကျလာသည်...

တောင်းပန်ပါတယ်ချစ်ရသူ......မင်းကိုနာကျင်စေခဲ့လို့...

ဆံပင်လေးကို သပ်ပေးလိုက်ပြီး....နဖူးပေါ် အနမ်းတစ်ပွင့်

ခြွေပေးလိုက်သည်......

ထို့နောက် သူ ဆုံးဖြတ်ချက် ချလိုက်သည်.....

"Do Kyungsoo ဆိုတဲ့ လူသားကို..သူကာကွယ်ပေးမည်ပင်......."

ဒီအတော အတွင်း ကာကွယ် မပေးနိုင်ခဲ့လို့...
တောင်းပန်တယ်.....

နာကျင်စေခဲ့လို့လည်း တောင်းပန်တယ်..

မျက်ရည်ကျစေမိခဲ့လို့လည်း တောင်းပန်တယ်...

ဒါကြောင့် အခုကစပြီး မင်းကို ကိုယ်ကာကွယ်ပေးမယ်.

နာကျင်စရာရှိရင် ငါပဲနာကျင်ပြီး....

ငိုစရာရှိရင် ငါပဲငိုမယ်....

ခံစားရရင်လည်း ငါပဲ ခံစားမယ်....

အရင်က ငါတစ်ယောက်ထဲကိုပဲ မင်းကြည့်နေခဲ့သလို..

အခုကစပြီး..ငါလညိး မင်းတစ်ယောက်ထဲကိုပဲ
ကြည့်ပြီးနေမယ်

ဒါကြောင့်.. နာကျင်စရာတွေ မေ့ထားပြီး ငါ့ကိုပဲ
ပေးခံစားပါ.....

အိပ်စက်နေသော ကောင်လေးကို ကြည့်ပြီး
ရေရွတ်ရင်း.....သူ့ကိုယ်လေးကိုဖက်ကာ...
နှုတ်ဆက်အနမ်းလေးပေးပြီး အိပ်စက်ခြင်းဆီသို့.......

~~~~~~~~~~~~~~

နေရောင်ခြည် စူးရှစွာ ကျရောက်မှုကြောင့်...

နိုးထလာခဲ့သည်..... နေမြင့်သောကြောင့်လည်း
ဖြစ်ပေသည်...

ခန္ဓာကိုယ်အစုံ တင်းကျပ်မှုကြောင့်...မျက်လုံး
ဖွင့်ကြည့်မိလိုက်တော့...

သူ့.ဘေးနားမှာ...အိပ်မောကျနေတဲ့... သူ..

မည်သည့် အချိန်ပင် ကြည့်ကြည့်... အမြဲ
ကြည့်လို့ကောင်းလွန်းသူ.....

အသက်တမျှသူ[Z×U]Where stories live. Discover now