Happy birthday to you....
Happy birthday to you.........
Happy birthday Dear အကိတ်ကောင်....
Happy birthday to you.........ဟေးးးးးးးးး
ဟေး...ခနဲအော်သံအဆုံး ကျွန်တော် နှုတ်ခမ်းကြီး ဆူကာ ကိတ်ပေါ်မှာထွန်းထားသော ဖယောင်းတိုင်မီးများငြိမ်းအောင် မှုတ်လိုက်သည်......
ဒီနေ့က ကျွန်တော့်မွေးနေ့.....
တိတိကျကျဆိုရလျှင် မွေးသမိခင်ဝမ်းမှ ကျွတ်ကာ
လူ့လောကထဲ ခြေဆန့်ခဲ့သည်မှာ ၂၃နှစ်တိတိပြည့်သောနေ့...........မွေးနေ့မို့ ရှားရှားပါးပါးရှိသော သူငယ်ချင်း ၄ယောက်နှင့်အတူ......(ကျွန်တော်အပါအ၀င်ဆိုလျှင် စုစုပေါင်း လူအင်အားမှာ ငါးယောက် ) Seoulနှင့် ခပ်လှမ်းလှမ်းက လူသွားလူလာ ကျဲသော ကမ်းခြေလေးသို့ခရီးထွက်လာကြခြင်းပင်.....
မွေးနေ့ကျင်းပရာ ယခုအချိန်ကား ည ၁၀နာရီ.......
လပြည့်မတိုင်ခင် ၁ရက်အလိုမို့ ဖိုးရွှေလက ထိန်ထိန်သာလျက်.......အင်္ကျီအနီဆင်တူဝတ်ထားသော ကျွန်တော်တို့သူငယ်ချင်း ငါးယောက်မှာ လရောင်အောက်ဝယ် ထင်းခနဲရှင်းခနဲ......
ဘာလို့ ၁၀နာရီမှ မွေးနေ့လုပ်သလဲ လာမမေးနဲ့.......
အကောင်းစားဇိမ်ခံကားပေါ်တွင် အချိန်ပြည့် ပါးစပ်ထဲ မုန့်သွပ်ကာ မိနစ်၄၀လောက် စီးနင်းလိုက်ပါလာရသောကြောင့် ရောက်ကတည်းက ပင်ပန်းသည်ဟုဆိုကာ
အတွဲကိုယ်စီဖြင့် အိပ်ယာဝင်သွားကြသည့်အကြောင်းကိုကျွန်တော်လုံးဝလုံးဝ ခင်ဗျားတို့ကို ပြောပြလိမ့်မည်မဟုတ်......
ဆိုတော့ကာ.......
သိချင်ရင်လည်း စိတ်သာလျှော့ကြ.....
အေး.....တကယ်လို့.....
သိသွားပြီဆိုရင်လည်း..မသိချင်ယောင်သာဆောင်ထားကြ.........
အိုစ်....ကျွန်တော့်ကိုတွေးနေကြတာလား....
အဟား....ကျွန်တော် Oh Sehun က ရိုးရိုးသားသားဖိုးသခွား မောင်FAလေးလေ......ဟင်းဟင်း.....
YOU ARE READING
Twø Siđes OF Å Sțorÿ
FanfictionYour World=My Word.. Is the difference important?? ??EaintPhyu7's 4th creation??