''ဟားဟား.....Oh Sehun..မင်း ဇာတ်ကားတွေကြည့်တာလျှော့သင့်ပြီ...''''မင်း အိပ်ဆေးတွေသောက်တာများပြီး ရူးများသွားသလား ''
ကျွန်တော့်ရှေ့ထိုင်ကာ အားရပါးရအော်ရယ်နေသော
ကျက်သတုံးလေးကောင်အား အမြင်ကပ်လာသဖြင့်
ဘေးနားကဖက်လုံးနဲ့ကောက်ပေါက်တော့
ထိုဖက်လုံးကိုပင် တဘုံးဘုံးရိုက်ကာ အော်ရယ်နေကြသေးသည်.......''တကယ်ပြောနေတာ ဟေ့ကောင်တွေရ.....တကယ်Mermanပါဆို....''
''Glaxyကို freeပို့ပေးမလား...အဲ့တာဆိုယုံပေးမယ်လေ....''
အရေးထဲ Glaxyရူး ရူးနေသော Wu Yifanအား ပြေးကန်ချင်စိတ်တွေတဖွားဖွား.......
''ဒီနေ့သူ့မွေးနေ့ကွ....ညနေကျရင်လာလိမ့်မယ်....
အဲ့ကျမှမင်းတို့ဘာသာကြည့်ကြပေါ့....''ခပ်တည်တည်ပြောလိုက်သောကြောင့် အရယ်ရပ်သွားကြသော်လည်း ပြုံးစိစိမျက်နှာပေးများကတော့ပျောက်မသွား....
အေးလေ.......
ဒီခေတ်ကြီးမှာ ဒီလိုသတ္တ၀ါမျိုးရှိတယ်ဆိုတာ ယုံချင်ရအောင် ၄, ၅ နှစ်ကလေးတွေမှမဟုတ်ဘဲ.....ယုံတမ်းပုံပြင်တွေထဲက ကလေးတွေအကြိုက် ဖန်တီးပုံဖော်ထားတဲ့ ဒဏ္ဏာရီလာသတ္တ၀ါတစ်ကောင်ရဲ့ ဖြစ်တည်မှုကို ဘာအထောက်အထားမှမရှိဘဲ အစစ်အမှန်ပါလို့ ပြောနေမှတော့ သူတို့ရယ်ကြလိမ့်မပေါ့...
ထားတော့.....
သူတို့ယုံကြည်မှု မယုံကြည်မှုသည် သူတို့အပိုင်းသက်သက်မျှသာ.....''မင်းဟာလေးက ဘယ်အချိန်လာမှာလဲ.... ''
''ဒီညနေ နေ၀င်ချိန်လို့ပြောတယ်....''
ကျွန်တော်တို့စကားဝိုင်း ခဏတိတ်သွားပြန်သည်......
''ငါသွားစောင့်နေလိုက်တော့မယ်.....နေ၀င်တော့မှာဆိုတော့...မင်းတို့ အခန်းပြန်ပြီး စားစရာမှာထားလိုက်တော့.....-'
YOU ARE READING
Twø Siđes OF Å Sțorÿ
FanfictionYour World=My Word.. Is the difference important?? ??EaintPhyu7's 4th creation??