///4///

353 64 10
                                    

မျက်​ဝန်းညို​လေး နူးညံ့စွာမျက်​လွှာချသွားသည်​မှအစ....
နှုတ်​ခမ်းပါး​လေး လှပစွာ​ကွေးညွန်​သွားသည့်​အဆုံး.......
သူ့ရဲ့အရာရာတိုင်းကို....
ကိုယ်​...
သ​ဘောကျတယ်​...........

>>>>>>>>>>>TSOSS<<<<<<<<

''​ဗျာ......''

''ဟမ်​.....''

''ဘယ်​လို......''

အလျိုအလျိုထွက်​​ပေါ်လာကြ​သော
အာ​မေဋိတ်​သံတို့​ကြောင့်​ ကျွန်​​တော်​ခပ်​သာသာ
ပြုံးမိသည်​.....

''အင်း... တကယ်​​ပြောတာ....''

ဘေးဘီဝဲယာကို အကဲခတ်​လိုက်​​တော့
ပကတိ တိတ်​ဆိတ်​လျက်​....

စိတ်​ချရသည့်​အ​ခြေအ​နေမို့
ခပ်​​ဖြေး​ဖြေးပင်​လမ်း​လျှောက်​ကာ
ပေါင်​လယ်​​လောက်​​ရောက်​သည်​အထိ
ရေထဲဆင်းလိုက်​သည်​.....

ကမ်းစပ်​​ပေါ်ကိုလှမ်းကြည့်​လိုက်​​တော့
တစ်​စုံတစ်​​ယောက်​​သောသူမှလွဲ၍
အကုန်​လုံးက ကျွန်​​တော့်​ကို မျက်​​တောင်​မခတ်​တမ်းစိုက်​ကြည့်​​နေသည်​.....

ထိုတစ်​စုံတစ်​​ယောက်​က​တော့
သူ့သူငယ်​ချင်း​တွေ​လောက်​ စိတ်​မလှုပ်​ရှား​သော်​ငြား
ရှေ့ဆက်​ဖြစ်​လာမည့်​ အ​ခြေအ​နေတစ်​ခုအ​ပေါ်
စူးစမ်း​နေသလို အကြည့်​တို့စူးရှလျက်​.......

ပြောင်းလဲ​စေရန်​ မျက်​စိမှိတ်​ဆန္ဒပြုလိုက်​သည်နှင့်​တစ်​ပြိုင်​နက်
ခပ်​တိုတို အနက်​​ရောင်​ဆံပင်​တို့က
ငွေမှင်​​ရောင်​​ပြောင်းကာ ရုတ်​ချည်းရှည်​ထွက်​ကျလာသည်​....

ခြေဖျားက​နေခံစားမိ​သော အနည်းငယ်​ရှိန်းမြမြခံစားချက်​နှင့်​အတူ
အသား​အ​ရေတို့မှာလည်း အ​ကြေးခွံအတိ
ဖုံးလွှမ်းခြင်းခံလိုက်​ရသည်​.....

တဖြည်းဖြည်းနှင့်​ အ​ပေါ့​ရောက်​လာ​သော ပူ​နွေး​နွေးခံစားချက်​က
ခါးနား​ရောက်​လာ​သောအခါ
ကြည်​လဲ့လဲ့ ​ငွေမှင်​​ရောင်​အ​ကြေးခွံ​လေးများဖြင့်
တိတိပပ အနားသတ်​ကာ ရပ်​တန့်​သွားသည်​....

Twø Siđes OF Å Sțorÿ Tempat cerita menjadi hidup. Temukan sekarang