INTRO
F O R T U N E C O O K I E S
"မှန်ထဲကနေ ပြန်ကြည့်နေတဲ့လူက ခင်ဗျား မဟုတ်တော့တဲ့အခါ
ခင်ဗျားဟာ မှန်ထဲကလူဖြစ်သွားလိမ့်မယ်"
~=•°•=°°°=•°•=~
ထိုသောကြာနေ့၌လည်း ကံဆိုးခြင်းသည် ခြေရာနှင့်တွဲချုပ်ခံထားရသော အရိပ်မည်းတစ်ခုလိုပင် Byun Baekhyun အား ထပ်ကြပ်မခွာ လိုက်လံနှောင့်ယှက်နေခဲ့သည်။
မနက်အစောကြီးတည်းက နှိုးစက်အပိတ်နောက်ကျခြင်းကြောင့် အစ်ကိုလတ်၏ ဟောက်စားလုပ်ခြင်း ခံရသည်။ စားပွဲခင်းအား စွန်းအောင် လုပ်ခြင်းအတွက် တတိယအကြိမ် ထပ်အဆူခံရသည်။ ကော်ဖီအား သကြားထည့်သောက်ရန် အချိန်နည်းနည်းယူမိခြင်းကြောင့် ကားဂိတ်သို့ အရောက် နောက်ကျပြန်သည်။ အခန်းထဲ ဝင်ဝင်ခြင်း အခန်းနောက်ဖက်မှ Chanyeol နှင့် Kai တို့၏ ကြောင်က ခုတ်သတ်တော့မည့် ကြွက်ကို ပြုံးပြသလို ခပ်ပြုံးပြုံး နှုတ်ဆက်ခြင်းနှင့် ကြုံရသည်။ စာသင်ချိန်တစ်ချိန်လုံး နောက်စေ့သို့ တဖောက်ဖောက်လာမှန်သော စက္ကူလုံးများအား သည်းညည်းခံရသည်။ Baekhyun အတွက်တော့ ဒီလိုနေ့မျိုးသည် တကယ်ပင် ဘယ်လိုမှ မဆန်းပြားသော နေ့တစ်နေ့ ဖြစ်သည်။
နေ့လယ်စာစားချိန်ရောက်သည့်အခါ Baekhyun ကန်တင်းသို့ ထွက်လာခဲ့သည်။ သို့သော် ခါတိုင်းလိုပင် Park Chanyeol တို့ နောက်ကျောဘက်ကနေ လိုက်လာခြင်းမရှိ။
"Baekhyun... ဘာဖြစ်နေတာလဲ"
ဘေးကနေ မျက်စိဒေါက်ထောက်ကြည့်နေသော Kyungsoo အား ပခုံးတွန့်ပြရင်း Baekhyun ရင်းနှီးနေသော ကော်ရစ်ဒါလမ်းမအတိုင်း စားသောက်ခန်းမဆီ ခြေလှမ်းတွေ ဆက်လှမ်းနေလိုက်၏။ စားသောက်ခန်းမကတော့ ထုံးစံအတိုင်း ကျောင်းသားတွေ အပြည့်နှင့် စည်ကားနေသည်။ ရယ်သံကျယ်ကျယ်တွေ၊ ပေါက်ပေါက်ဖောက်သံတွေ၊ အော်ဟစ်စနောက်သံတွေအား တံခါးနှင့် တစ်မိုင်အကွာကနေတောင် ကြားရသည်။
"Baekhyun... ဘာလို့ နောက်ကို ခဏခဏ လှည့်ကြည့်နေတာလဲဆိုမှ"
စားသောက်ခန်းမထဲ အဝင်မှာ Kyungsoo က ရုပ်တည်ဖြင့် ဟောက်ပြန်သည်။ သူပြောလည်း ပြောချင်စရာ။ ကန်တင်းတစ်နေရာတွင် နေရာယူထိုင်လိုက်သည်အထိ Baekhyun က ဟိုကြည့်ဒီကြည့်နှင့် ဂဏှာမငြိမ်ဖြစ်နေသည်ကိုး။ Air-con ဖွင့်ထားသည့်တိုင် လူငွေ့ကြောင့် အနည်းငယ် အိုက်တိုက်တိုက်ဖြစ်နေဆဲ ဖြစ်သောကြောင့် Baekhyun လေပူတစ်ချက် မှုတ်ထုတ်မိသည်။
VOUS LISEZ
Parallels [Chan2Baek]
Fanfictionဟော့ဒီစကြဝဠာရဲ့ နောက်ကျောဘက်မှာ နောက်ထပ် စကြဝဠာတစ်ခု ရှိနေတယ်။ --- ဟော့ဒီစကြဝဠာရဲ့ နောက်ကျောဘက်မှာ နောက်ထပ် စကြဝဠာတစ်ခု ရှိနေတယ်။ #Parallels #ChanBaek