ကိုယ်ချစ်တဲ့သူရဲ့အချစ်ကိုရဖို့ကြိုးစားရတာခက်တယ်နော်.
အင်းပေါ့လေ.အရာတိုင်းကဘယ်လွယ်ကူပါ့မလဲ.
ဒါပေမယ့်လဲ ကြိုးစားမယ်ဆိုမဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး.
ကံကောင်းလို့ချစ်သူတွေဖြစ်သွားခဲ့ပြီဆိုရင်ကော . . .
Together forever ဆိုတဲ့အတိုင်း
အမြဲအတူရှိနေနိုင်ဖို့က မလွယ်ပါဘူး.
ပုံပြင်တွေထဲမှာတော့ ကိုယ်ချစ်တဲ့သူရဲ့အချစ်ကိုရရင်
လက်ထပ်သွားပြီး ထာဝရပျော်ရွှင်စွာနေသွားကြသည်လို့ရေး
' The end 'ဆိုပြီး စာတန်းထိုးဇာတ်သိမ်းသွားကြလိမ့်မယ်.
တကယ့်လက်တွေ့ဘဝကျတော့
အဲ့ 'The end 'ဆိုတဲ့နေရာမှာစတာပဲ.
အမြဲတစေပျော်ရွှင်သာယာကြည်နူးဖွယ်ကောင်းတဲ့
rs ဘဝကိုရဖို့အရမ်းကြိုးစားနေရတယ်.
အထူးသဖြင့် သူမတို့လို lesbian couple လေးတွေမှာပေါ့.
သာမန်စုံတွဲတွေတောင် ပြဿနာတွေကြာကူလီတွေကြောင့်
ပြတ်လိုက် အသစ်တစ်ယောက်ပြောင်းလိုက်ခေတ်ကြီးမှာ
သူမတို့ကျ စိုးရိမ်စိတ်တွေနဲ့ ပိုခက်ခဲတယ်.
နောက်ထပ် ကမ္ဘာပေါ်မှာ အာဏာအရှိဆုံးနဲ့
မရှိမဖြစ်အရေးပါလွန်းလှတဲ့ ဂြိုလ်သားကရှိသေး.😒
အဲ့ဒါက ငွေကြေးဆိုတဲ့အရာလေ.😣
သူ . . 💸မရှိလို့မဖြစ်ဘူး..😔Kim Taeyeon ဆိုတဲ့သူမ,အတွက်တော့
crush ရဲ့အချစ်ကိုရဖို့
ခက်တာတွေမခက်တာတွေဘာမှမသိ.😪သူမ,သိတာက သူမသိပ်ချစ်ရတဲ့
Tiffany Hwang ဆိုတဲ့သူကို
နေ့တိုင်းမြင်ရဖို့ မိန်းမနောက်ပိုးလုပ်ပြီးမျက်နှာပြောင်ပြောင်နဲ့ပဲ
Fany အနားသွားသွားနေမိတယ်.😁
ဒီဇာတ်လမ်းလေးရဲ့အစကတော့. . . . . .
Tae တယောက် Fany အလုပ်လုပ်နေတဲ့bankကို
အမှတ်မထင်ပဲရောက်သွားမိရာက Fany ကိုမြင်သွားပြီး
Love at first sight ဆိုတဲ့အတိုင်း
ငေးငေးကြည့်နေပြီးငမ်းကြောထပါတော့တယ်.😅အဲ့ဒီနေ့ သူ့အိမ်ပြန်သွားကတည်းက
ထို Tiffany ဆိုတဲ့ကောင်မလေးအကြောင်းပဲတွေးတွေးနေတာ
ရက်တွေကြာလာတော့ မနေနိုင်မထိုင်နိုင်နဲ့အသည်းအသန်ခဲမှန်ဖြစ်နေပြီး
နေ့တိုင်းမနက်တိုင်းညနေတိုင်း ထိုbank ကိုသွား
Fany အနောက်ကကုပ်ချောင်းကုပ်ချောင်းနဲ့လိုက် stalkတာပေါ့.
အဲ့လို အချိန်တိုင်းstalk နေလို့ အလုပ်တွေပစ်ထားတာလားဆိုတော့လဲမဟုတ်ရပါဘူး.
တကယ်တော့ . .
သူမက အလုပ်မရှိအကိုင်မရှိ အားယားနေပြီး
မိဘဆီကကျန်ခဲ့တဲ့အမွေတွေကို
အေးဆေးထိုင်စားနေတာပါ.😝