Nichkhun bank အနားမှာကားရပ်ကာ
Fany ရုံးဆင်းချိန်ကိုစောင့်နေသည်.
အချိန်တော်တော်လေးကြာမှ Fany ကိုတွေ့လိုက်ရသည်.
သူ Fany ကိုစကားသွားပြောရင်းနဲ့အိမ်ပြန်ပို့ပေးကာ
ရင်းနှီးခွင့်ရရန်ကြိုးစားဖို့စဉ်းစားလိုက်သည်.
Fany လမ်းလျှောက်ရင်း သူ့ကားနားရောက်ကာနီးကျတော့
သူကားပေါ်ကဆင်းမလိုလုပ်တုန်း . . . . . .
. . . . . .
. . . . . .
ရုတ်တရက်Fany အနားပြေးလာကာစကားပြောနေတဲ့
ကောင်မလေးတစ်ယောက်ကိုတွေ့လိုက်သည်.
သူလဲကားပေါ်ကကမဆင်းတော့ပဲ ဒီအတိုင်းကြည့်နေသည်.
ထိုတယောက်နဲ့ Fany ရယ်မောကာစကားတွေပြောနေကြရင်း
ထိုသူက ပါလာတဲ့မာဖလာလေးထုတ်ပြီး
Fany လည်ပင်းမှာသေချာလေးပတ်ပေးနေသည်.
ပြီးသွားတော့ Fany က ပျော်နေကာ
ထိုကောင်မလေးမျက်နှာကိုဆွဲပြီး နမ်းတာကိုမြင်လိုက်ရသည်.😳
ထို့နောက် သူတို့တွေ လက်ချင်းဆုပ်ကိုင်ပြီးတွဲလျှောက်သွားကြသည်.
Nich မျက်မှောင်ကြုံ့ကာ Fany တို့ကို လိုက်ကြည့်နေရင်းNich ~~
Tiffany က . . lesbian လား 😐??. . . . . . . . . .
Tiffany သူမတို့ဧည့်ခန်းနံရံမှာကပ်ထားတဲ့ရှူခင်းပုံကို
ဆိုဖာပေါ်ထိုင်ရင်းငေးကြည့်နေသည်.
ထိုပုံက London ရဲ့တစ်နေရာမှာရှိတဲ့ရှူခင်းပုံဖြစ်သည်.
Taeyeon သစ်သီးပန်းကန်ကိုယူလာပြီး
Fany ဘေးမှာထိုင်ရင်းTae ~~
အဲ့လောက်တောင် ဒီဓာတ်ပုံကိုသဘောကျတယ်လား.😄
ငါကပ်ထားတဲ့နေ့ကစပြီး
နေ့တိုင်းအချိန်တိုင်းကြည့်နေတော့တာပဲ.Fany Taeyeon ခါးကိုဖက်ကာမှီပြီး
လိမ္မော်သီးစိတ်ကိုယူစားရင်းFany ~~ သဘောကျတာပေါ့.
ဒီဓာတ်ပုံထဲက ရှူခင်းလေးဘယ်လောက်တောင်လှလိုက်လဲ.😍
London ကို ရောက်ဖူးချင်တယ်.
Taetae နဲ့အတူ အဲ့မှာလျှောက်လည်ချင်တယ်.Tae ~~ တစ်နေ့တော့ရောက်မှာပေါ့.
ငါ သေချာပေါက် Fany ကို London လိုက်ပို့ပေးမယ်.