Taeyeon Tiffany နဲ့ Seolhyun တို့သုံးယောက်
ကစားကွင်းမှာရောက်နေကြသည်.
Seolhyun အိမ်မှာ နေ့လယ်စာစားပြီး
သူမတို့အပြင်လျှောက်လည်နေကြတာဖြစ်သည်.
Fany နဲ့ Seolhyun နှစ်ယောက်အတူရှိနေပြီဆို
သူတို့ကြားထဲနေရတာ Taeyeon ခဗျာ မသက်သာလှ.
နှစ်ယောက်သားအကြည့်တွေနဲ့ စစ်ဖြစ်နေကြတာ 😅
Seolhyun အိမ်မှာတုန်းက လူကြီးတွေရှိနေလို့
ဘာပြဿနာမှမရှိပေမယ့်
အပြင်ကို သူမတို့ချည်းရောက်လာတော့ လမ်းလျှောက်နေရင်းက
Tae ကိုကြားထဲထားကာနှစ်ယောက်သား
Tae လက်မောင်းကို ဘေးတစ်ဖက်ဆီကအတင်းဆွဲဖက်ထားတာ.
သူတြို့ကားထဲ လူကောင်သေးသေးနဲ့ Tae ညှပ်နေပြီလေ.
ကြာတော့ Tae အသက်ရှူကြပ်လာကာ
လက်တွေလဲနာလာပြီး သူတို့ကြားထဲကရုန်းထွက်လိုက်သည်.Tae ~~ aish. . 😤
တော်ပြီ. ဘယ်သူနဲ့မှတွဲမလျှောက်တော့ဘူး.👿Tae စိတ်ဆိုးသွားကာ တယောက်ထဲရှေ့ကထွက်သွားတော့
Fany တို့ပြာပြာသလဲဖြစ်ပြီး လိုက်ချော့ကြသည်. 😄
Tae အရှေ့မှာထပ်ပြီးရန်မဖြစ်ရဲကြတော့ 😂
အရင်တခါကလဲ သူမတို့ကလေးတွေလိုရန်ဖြစ်နေကြတော့
Tae သူတို့ကိုစိတ်ဆိုးသွားတာ
နှစ်ယောက်လုံးကို တစ်ပတ်လောက်ထိစကားမပြောဘူးလေ.😅
အဲ့ဂျပုစိတ်ကောက်မှာကို သူတို့ကြောက်နေရတာ.😆. . . . . . . . . .
Fany ခေါင်းလျှော်ပီးကာစတဘက်သုတ်ရင်းက
အိပ်ခန်းအပြင်ထွက်လာတုန်း
သူမတို့အခန်းထဲကို ကောင်လေးတယောက်ဝင်လာတာမြင်လိုက်သည်.
ခေါင်းကဦးထုပ်နဲ့ဆိုတော့ မျက်နှာမမြင်ရပေမယ့်
သေချာပေါက်ကောင်လေးပဲဖြစ်မှာပါ.😱😰Fany ~~ ahh. . Omayaaa 😨😨
သူမကြောက်လန့်တကြားအော်ပြီး
လက်ထဲကတဘက်နဲ့ထိုလူကိုလိုက်ရိုက်သည်.😅😂
ထိုလူလဲ အရိုက်ခံနေရင်းက ရှောင်ကာTae ~~ ah. Fany ya.
တော်တော့ . Fany . .Fany . . 😥Fany ရိုက်နေရင်း ထိုလူဆီကTaeyeon အသံထွက်လာတာကြောင့်
ကြောင်ပြီးရပ်လိုက်သည်.😯
သူမရဲ့ Taetae မနက်အိမ်ကထွက်သွားတုန်းက
ဆံပင်အရှည်အနက်ရောင်နဲ့ပါ.
အခုလူက ဆံပင်အတိုနဲ့လေ 😟
ဒါပေမယ့် သူမ ဇဝေဇဝါဖြစ်နေတာတွေအားလုံး
Taeyeon ဦးထုတ်ချွတ်ပြီး သူမဘက်လှည့်လာတော့မှရှင်းသွားသည်.