ဒီရက်ပိုင်းအတွင်းမှာ ပြောင်းလဲနေတဲ့ Fany ရဲ့အမူအရာတွေကို
Taeyeon ရိပ်မိနေသည်.
အစကတော့ သူမရဲ့အလုပ်တွေနဲ့ပင်ပန်းတာကြောင့်မသိခဲ့ပေမယ့်
နောက်ပိုင်း ဖုန်းကိုကိုယ်နဲ့မကွာဆောင်ထားပြီး
အမြဲတမ်းဖုန်းကိုပဲဖွင့်ကာကိုင်နေတာတွေကော
ခဏခဏလိုလိုပင် တစ်ခုခုကိုတွေးနေသလိုပုံစံတွေကြောင့်
သူမ Fany ကို သံသယဝင်မိသည်.
အရင်က သူမရဲ့ Fany က အခုလိုမဟုတ်ဘူးလေ.
ခိုးကြောင်ခိုးဝှက်နဲ့ ဖုန်းသုံးတာတွေက
အရမ်းသိသိသာသာကြီးတော့မဟုတ်ပေမယ့်
သူမစိတ်ထဲစိုးရိမ်စိတ်လေးဝင်လာသည်. 😓နောက်တော့ သူမတို့rs အကြောင်းကိုသိနေတဲ့
သူမနဲ့လဲခင်နေတဲ့ bank က Fany အသိတွေက
Fany ကို သူဌေးသားတစ်ယောက်နှင့်အတူတွဲတွဲတွေ့နေသည်ဆိုတဲ့သတင်းကို
သူမအားပြောပြလာသည်.
ထိုတုန်းက သူမရင်ထဲ ဒိန်းခနဲနာကျင်မှုတွေဆောင့်တက်နေပေမယ့်
သူငယ်ချင်းတွေပဲဖြစ်မှာပါလို့တွေးကာကိုယ့်ကိုယ်ဖြေသိမ့်ခဲ့သည်.
ဘာတွေပဲဖြစ်နေပါစေ Fany က သူမပေါ်ဆက်ဆံတာတွေကတော့
မပြောင်းလဲသေးဘူးမလား.
Fany ကိုလဲ ထိုအကြောင်းနဲ့ပတ်သတ်လို့သွားမပြောရဲ.
အဖြေတစ်စုံတစ်ခုကိုကြားရဖို့သူမမှာသတ္တိမရှိပါ 😔
အစထဲကမှ ငွေကြေးမချမ်းသာလို့အားငယ်နေတဲ့သူမ
ထို ဆိုးဝါးပြီးမဟုတ်တဲ့အတွေးတွေမတွေးရဲ. 😣
သို့ပေမယ့် သူမကြောက်ရွံ့ပြီးထိတ်လန့်စွာနဲ့ပဲနေ့ရက်တိုင်းကို
ဖြတ်သန်းနေရသည်.
Tiffany မရှိတဲ့ဘဝဆိုတာကိုမတွေးရဲလောက်အောင်
ကြောက်လန့်နေသည်.. . .
. . . .
Knock knock ~Fany ~~ Taetae .
ရေချိုးခန်းထဲကထွက်လာတော့လေ.
ချိုးတာကြာနေပြီ . နေမကောင်းဖြစ်လိမ့်မယ် .ရေချိုးခန်းတံခါးကိုခေါက်ပြီး အထဲကTaeကိုလှမ်းပြောသည်.
Tae လဲ တံခါးဖွင့်ပီးအထဲကထွက်လာသည်.Tae ~~ လာပါပြီ Fany ရ.
ခေါင်းလျှော်နေလို့ကြာသွားတာ .ပြောရင်း သူ့လည်ပင်းကတဘက်နဲ့ခေါင်းသုတ်နေတော့
