4❤Affection❤4

2.2K 162 6
                                    

ကိုယ်ဖန်တီးမယ့်အချစ်ဇာတ်လမ်းမှာ
မာယာအပြည့်နဲ့ကပြမယ့်
မင်းသမီးအလိုမရှိဘူးကောင်လေး
မင်းသာရှိရင်ပြည့်စုံပြီ။

'°•°'°•°'°•°'Affection'°•°'°•°'°•°'

နူးညံ့တယ်လဲမဆိုသာတဲ့သူ့အနမ်းမှာ
ကျွန်တော်ခနမိန်းမူးမိသွားတယ်ထင်တယ်
ကျွန်တော်ကိုယ်တိုင်တောင်မသိလိုက်ခင်မှာ
သူ့အနမ်းတွေကိုတုံ့ပြန်နေမိတယ်

မဟုတ်သေးဘူးလေ...ဒီအခြေအနေကြီးက

"Umm..."

ပိုပြင်းထန်လာတဲ့သူ့အနမ်းတွေကြား
တွန်းထုတ်ဖို့ကြိုးစားမယ်ဆိုတဲ့
ကျွန်တော့်အတွေးတွေလွင့်မျောသွားတယ်

ခနကြာတော့...Baekhyunဘက်က
အနမ်းတွေကိုရပ်တန့်လိုက်တယ်
မောဟိုက်စွာနဲ့အသက်ရှူနေရတဲ့
Chanyeolကိုကြည့်ရင်း...သူ
ပြုံးနေမိတယ်...။
ကောင်လေးသူ့အနမ်းတွေကို
တုံ့ပြန်လာပီလေ...။

သူကောင်လေးလက်ကိုပြန်ဆွဲယူပီး
ဆေးထည့်ပေးလိုက်တယ်
ပတ်တီးစည်းတော့လဲနာလို့ထင်ပါတယ်
လက်ကိုပြန်ပြန်ဆွဲသွားတယ်
အခုနအနမ်းအကြောင်းတော့
ဘာမှမပြော။

ဆေးသေတ္တာလေးကိုသူပြန်ထားပြီး
ပြန်လှည့်ကြည့်လိုက်တော့
ကောင်လေးကသူ့ကိုကြည့်နေတယ်

"ကိုယ့်ကိုဘာလို့ကြည့်နေတာလဲ??
ကိုယ်ချောမှန်းသိပါတယ်...ဟား"

"မပြန်သေးဘူးလား...ခင်ဗျား"

"Aww...Baeကကိုယ့်ကိုပြန်စေချင်တာလား
ဘယ်လိုလုပ်မလဲကိုယ်ကမပြန်ချင်သေးဘူး
ဒီနေ့Baeနားမှာပဲနေမယ်လို့ဆုံးဖြတ်ထားတာ"

သူဗီဒိုကိုမှီရင်းကပြောလိုက်တော့
ကောင်လေးကတခြားကိုအကြည့်လွှဲသွားတယ်
နောက်တော့ကောင်လေးဆီက
ဂွီ ဆိုတဲ့အသံလေးထွက်လာတယ်
မနက်စာမစားရသေးဘူးနေမှာ

"ခင်ဗျားမပြန်လဲနေ...ကျွန်တော်က
အလုပ်သွားတော့မှာ..."

ပြောပီးထတော့မျက်နှာလေးကရှုံ့မဲ့လို့
ခြေထောက်အသားကျေနေတာကို
မရမကအနာခံပြီးရေချိုးခန်းထဲဝင်သွားတယ်။

AffectionOù les histoires vivent. Découvrez maintenant