7❤Affection❤7

2.2K 178 18
                                    

အချစ်​ဆိုတာကိုရယူပိုင်​ဆိုင်​ခြင်းလို့
သတ်​မှတ်​ထားတဲ့ကိုယ့်​အတွက်​​တော့...
ကိုယ့်​ကိုချစ်​တာမုန်းတာထက်
ကိုယ်​မင်းကိုပိုင်​ဆိုင်​​နေရရင်​ပြီးတာပါပဲ။

'°•°'°•°'°•°'°•°'°•°'°•°'°•°'°•°'°•°'°•°'°•°'

နေ​ရောင်​အချို့ လိုက်​ကာစ​တွေကြားကတစ်​ဆင့်
အခန်းထဲဝင်​လာတာမို့ chanyeolတစ်​​ယောက်
မျက်​လုံး​တွေဖြည်းဖြည်းချင်းပွင့်​လာသည်​။
တစ်​ညလုံးနီးပါးငိုထားတာမို့ မျက်​ဝန်း​တွေက
မို့​ဖောင်း​နေသည်​။
တဆစ်​ဆစ်​ကိုက်​​နေတဲ့မျက်​လုံး​တွေကို
လျစ်​လျူရှုပြီး ​ဘေးစားပွဲ​ပေါ်က
နာရီကိုကြည့်​လိုက်​​တော့...
မနက်​၉နာရီကိုညွှန်​ပြလို့​နေတယ်​။

မ​နေ့ညကတစ်​စစီဖြစ်​​နေခဲ့တဲ့ဖုန်း​လေးက
အခု​တော့...အစ​တောင်​ရှာမ​တွေ့​တော့။
သေချာတာတစ်​ခုက သူမနိုး​သေးခင်
အိမ်​အကူ​တွေအခန်းထဲဝင်​ရှင်းသွားပြီ​နေမှာ။

မျက်​နှာသစ်​ဖို့​ရေချိုးခန်းထဲဝင်​လိုက်​ပြီး
မှန်​ထဲကကိုယ့်​မျက်​နှာကိုယ်​ကြည့်​မိတယ်​။
မျက်​လုံး​တွေ​ဖောင်း​နေတာမှ​တော်​​တော်​ကို
ဆိုးဆိုးဝါးဝါးကြီး။

ရေပါတစ်​ခါတည်းချိုးလိုက်​ပြီး Towel တစ်​ထည်
ဝတ်​ပြီးထွက်​လာ​တော့ ကုတင်​​ပေါ်မှာလက်​ပိုက်​ပြီး
ထိုင်​​နေတဲ့ Byunဥက္ကဌကြီးက လှမ်းကြည့်​လာတယ်​။

"ဗီဒိုထဲမှာအဆင်​​ပြေမယ့်​ဟာ​ရွေးဝတ်​လိုက်
ပြီးရင်​​အောက်​ဆင်းလာခဲ့...မနက်​စာစားဖို့
စောင့်​​နေမယ်​"

ပြောပြီးအခန်းထဲကထွက်​သွားတဲ့Byun။
Chanyeol ဗီဒိုဖွင့်​ပြီးကြည့်​လိုက်​​တော့
Branded​တွေချည်း​တွေ့လိုက်​ရတယ်​။
အသစ်​ဝယ်​ထားပုံရတဲ့chanyeolရဲ့sizeနဲ့
ကွက်​တိဖြစ်​​နေတဲ့အဝတ်​အစားအချို့ကို
ဗီဒိုထဲ​တွေ့လိုက်​ရ​တော့ အံ့အားသင့်​သွားရတယ်​။

Hoodieဝတ်​ရတာကြိုက်​တဲ့Chanyeol
အနက်​​ရောင်​Hoodieနဲ့ဂျင်း​ဘောင်းဘီကို
ဝတ်​လိုက်​ပြီး ​အောက်​ထပ်​ကိုဆင်းလာလိုက်​တယ်​။
ကျယ်​ဝန်းလှတဲ့အိမ်​ကြီး​ကြောင့်​ ထမင်းစားခန်းကို
ဟိုကြည့်​သည်​ကြည့်​နဲ့ရှာ​နေတုန်း...

AffectionDonde viven las historias. Descúbrelo ahora