12❤Affection❤12

2.1K 164 11
                                    

ကြယ်​ကိုဆွတ်​​ပေးခိုင်းရင်​​တောင်
လမင်းကြီးကိုပါ အပိုအ​နေနဲ့ ယူ​ပေးဦးမှာ။
အဲ့ဒါ​ကြောင့်​မို့....
ကိုယ့်​ဘက်​ကိုနဲနဲ​လောက်​​လေးပဲ ဖြစ်​ဖြစ်
ငဲ့ကြည့်​​ပေးနိုင်​မလား...​ကောင်​​လေး?

'°•°'°•°'°•°'°•°'°•°'°•°'°•°'°•°'°•°'°•°'

အဖြူ​ရောင်​နဲ့အနက်​ကိုစပ်​ထားတဲ့ အ​နောက်​တိုင်း
ဝတ်​စုံ​လေးနဲ့ ​ကောင်​​လေးက ကျွန်​​တော့်​​ဘေးဘက်​မှာ
ငြိမ်​သက်​စွာ လိုက်​ပါလာတယ်​။
မျက်​ခမ်းစပ်​​လေး​တွေ နီ​နေပြီး တစ်​ချက်​တစ်​ချက်
ရှိုက်​သံ​လေး​တွေ ထွက်​​နေ​ပေမယ့်​ မျက်​ရည်​​တော့
ထပ်​မကျ​တော့ပါဘူး။
ကျွန်​​တော်​​ပြောခဲ့တဲ့ စကား​ကြောင့်​လို့ပဲ
မှတ်​ယူလိုက်​ရမလား။

တစ်​ခါတစ်​ခါ​တော့ ​ကောင်​​လေးဆီက တုံ့ပြန်​မှု
ကောင်း​ကောင်း​လေး​တွေရချင်​မိတယ်​။
ဥပမာ....ကျွန်​​တော်​အလုပ်​မှာစိတ်​ပင်​ပန်း၊
လူပင်​ပန်းဖြစ်​လာတဲ့ အခါမျိုး​တွေမှာ​ပေါ့။

သူ့ဘက်​က စတဲ့အနမ်းဆိုတာ မရှိခဲ့​ပေမယ့်
အဲ့လိုအချိန်​​တွေတိုင်း ကျွန်​​တော်​သူ့နှုတ်​ခမ်းပါးကို
ခွင့်​ပြုချက်​မရှိဘဲ သိမ်းပိုက်​မိတယ်​။
နည်းနည်း​လောက်​ သက်​သာလိုသက်​သာငြား​ပေါ့။

ကားရပ်​သွား​တော့ ​ဘေးဘက်​က​ကောင်​​လေး
ကျွန်​​တော့်​ဘက်​လှည့်​ကြည့်​လာတယ်​။
မျက်​ဝန်း​တွေထဲမှာ​တော့ ထိတ်​လန့်​ဟန်​​တွေ
အံ့ဩဟန်​​တွေအပြည့်​အသိပ်​။
စကားများများမ​ပြောချင်​တာ​ကြောင့်​ သူ့လက်​ကို
ဆွဲလိုက်​ပြီး ကျွန်​​တော့်​ဘက်​ခြမ်း ကားတံခါးကို
ဖွင့်​ ထွက်​လိုက်​တယ်​။

တဖျတ်​ဖျတ်​ကင်​မရာ မီး​ရောင်​​တွေနဲ့အတူ
တအုန်းအုန်း​သော လူအုပ်​ကြီးကြားက
ကော်​​ဇောနီ​ပေါ် နင်းဖြတ်​​တော့....
အေးစက်​လာတဲ့ ​ကောင်​​လေးရဲ့ လက်​​လေး​တွေ။

ကျွန်​​တော့်​လက်​​တွေကို ​ကောင်​​လေးခါးထက်​မှာ
နေရာချလိုက်​​တော့ လှည့်​ကြည့်​လာတာ အလန့်​တကြား။
ရှုံ့မဲ့မဲ့ မျက်​နှာ​ပေး​လေးက လူကြားထဲ
ပိတ်​ပက်​နမ်းပစ်​ချင်​စရာ။

AffectionDonde viven las historias. Descúbrelo ahora