ဇာမဏီ နိုးလာသောအခါ သူ့အိပ်ရာဘေးတွင် ဌာနမှူးက အခန့်သားထိုင်နေသည်ကို တွေ့ရသည်။ ဇာမဏီ မျက်လုံးများ ပြူးကျယ်လာကာ ဌာနမှူးကို ချက်ချင်းထ၍ အလေးပြုလိုက်သည်။ ဌာနမှူးကမူ ဘာမှမလုပ်ဘဲ သူ့ကို
မျက်နှာသေဖြင့် ကြည့်နေလေသည်။" မင်းမနေ့က တရားခံကို ဖမ်းပြီး ဘယ်တွေလျှောက်သွားနေတာလဲ"
"ဟိုလေ... ကျွန်တော် ပိနေလို့ပါ "
" ဘာ!!!! မင်း...စကားကိုရှင်းရှင်းလင်းလင်းပြောစမ်း"
"ကျွန်တော့်ကိုယ်က ဓားစာခံရဲ့ကိုယ်နဲ့ အဖိခံရပြီး ပိနေလို့ မထနိုင်တာကြောင့် ပြန်မလာဖြစ်လာဖြစ်တာပါ။ တောင်းပန်ပါတယ် ဌာနမှူး"
ဌာနမှူးက ဇာမဏီ့ကို တစ်ချက်ကြည့်ပြီး မျက်မှောက်ကျုတ်ကာ သတင်းစာ ဆက်ဖတ်နေလေသည်။
"အာ...ပြီတော့... ဟိုမူးယစ်ဂိုဏ်းအမှုကို
ရှေ့နေ ဦးနေစိုးသော်က စုံစမ်းကြည့်တော့
ဂိုဏ်းသားတွေက တက္ကသိုလ်ကျောင်းသားတွေလို့ပြောတယ်။ အဲ့တက္ကသိုလ်ကို မင်းဆက်ပြီးစုံစမ်းရမယ်။ မင်းက ဒီရဲဌာနရဲ့ တတိယအကြီးဆုံး ကြီးကြပ်ရေးမှူးပဲ။ မနေ့ကမင်း သေနတ်ပစ်တာ လူထိသွားတယ်ဆို။ မင်းပစ်ရင် တခါမှ မလွဲဖူးပါဘူး ။ အခုဘယ်လိုဖြစ်တာလဲ။"ဇာမဏီမနေ့ကအကြောင်းကို ပြန်စဉ်းစားကြည့်သည်။ တရားခံကို ချိန်ထားရင်း ခေါင်းက တစ်ချက်ချက်မိုက်ခနဲ ဖြစ်လာသဖြင့် ရမ်းသမ်းပစ်ရမှ ပစ်မှတ် မှားသွားခြင်းပင်။
"ကျွန်တော် အာရုံမစိုက်မိလိုက်လို့ပါ။ ဌာနမှူး။ "
ထိုအခါဌာနမှူးက သက်ပြင်းချ၍ အိပ်ထဲမှ ကပ်တစ်ကပ်ကိုထုတ်လိုက်သည်။
" ဒီဟာ အပစ်ခံရတဲ့ ဓားစာခံရဲ့ visiting cardပ။ဲ အဲဒီလူက မင်းကို ဒီအထိသယ်လာပေးတာကို မင်းလက်ထောက်က ကျေးဇူးတင်လို့ဆိုပြီး visiting cardတောင်းထားတာ။ သွားတောင်းပန်လိုက်ချေ။ "
***~~~~***~~~~***~~~~***~~
ဇာမဏီ ရေမိုးချိုး ပြီး မနက်စာစားရန် ကာဂိုဒေါင်မှကားကို ထုတ်ကာ အိမ်သို့ပြန်ရန် ပြင်ဆင်လိုက်သည်။ အိမ်သို့ပြန်ရာလမ်းတွင် ဖုန်းကအဆက်မပြတ်လာနေသောကြောင့် စိတ်ပေါက်ပေါက်နှင် ကောက်ကိုင်လိုက်ရာ အမေဖြစ်နေလေသည်။