Chapter-3

12.7K 1.1K 54
                                    

Zawgyi
******

အေးစိမ့်​စိမ့်​​လေ​ပြေနဲ့အတူ မြူနှင်း​ငွေ့​ငွေ့များက
မျက်​စိ​ရှေ့မှာ ဖုံးလွှမ်းလို့​နေသည်​။
ကော်​ဖီမကြိုက်​သူမို့ ​ချောကလက်​ပူပူ တစ်​ခွက်​ကိုသာ တစ်​ကျိုက်​​မော့လိုက်​ရင်း သက်​ပြင်းတချို့ကို ချလိုက်​မိသည်​။
ထိုသို့​သော မနက်​ခင်းမျိုးက လှပသည်​တဲ့လား။
အချစ်​မရှိ​တော့တဲ့ မနက်​ခင်း။ ​မျှော်​လင့်​ချက်​မရှိ​တော့တဲ့ မနက်​ခင်း။

ဆောင်းဝင်​ပြီမို့ အချမ်းဓာတ်​က ကြီးစိုးလို့​နေသည်​။ လည်​ပိတ်​ဆွယ်​တာအဖြူ​လေးအား မျက်​နှာတစ်​ခုလုံးဖုံး​အောင်​ အ​ပေါ်သို့ဆွဲတင်​လိုက်​သည်​။ ​နေ​ရောင်​တစစက​တော့ မြူခိုး​တွေကြား ​ရောယှက်​လို့။ ခပ်​​ပြေ​ပြေတိုက်​​နေ​သော ​ဆောင်း​လေညင်းများကလည်း တချက်​တချက်​ လူကိုပင်​တုန်​တက်​သွား​စေ​လောက်​​အောင်​ ​အေးစိမ့်​လွန်းတာမို့ အခန်းထဲပြန်​၀င်​ရန်​ ဆုံးဖြတ်​လိုက်​သည်​။

နာရီကိုကြည့်​​တော့ အလုပ်​သွားရန်​ အချိန်​တန်​​နေပြီဖြစ်​​သော်​လည်း ခုတင်​​ပေါ်မှ ငနာကြီးသည်​ အိပ်​​မောကျ​နေတုန်း။
အခုချိန်​မှာ အလုပ်​ချင်​ဆုံးက လည်​ပင်းညစ်​သတ်​ချင်​​နေတာပဲ။ ဒီလူကြီး အိမ်​မှာမရှိ​လေ​ကောင်း​လေပဲ။ မနက်​ခင်း​လေးမှာ ကျက်​သ​ရေမရှိ​သော မျက်​ခွက်​ကို မြင်​ရသည်​မို့ ​ဒေါသဖြစ်​ကာ လက်​ထဲတွင်​ ကိုင်​ထား​သော ခွက်​ကိုစားပွဲ​ပေါ် ​ဆောင့်​ချလိုက်​သည်​။
အသံကျယ်​သွားသည်​မို့ မျက်​လုံးပုတ်​ခတ်​ပုတ်​ခတ်​နဲ့ ဟိုလူကြီး နိုးလာ​လေရဲ့။

"ဟင်​...မင်း နိုး​နေပြီလား"

မျက်​လုံးကို ပွတ်​ကာ အိပ်​မှုန်​စုတ်​ဖွားနဲ့ သူ​မေးလာသည်​။ ဘာရုပ်​ကြီးမှန်းကို မသိဘူး။
နှာ​ခေါင်းရှုူံ့ကာ အခန်းထဲက ထွက်​ဖို့​ခြေလှမ်းစဉ်​ ထိုလူ ​ပြော​သောစကား​ကြောင့်​ ရပ်​တန့်​သွားသည်​။

"အခုမှ 8:30 ပဲ ရှိ​သေးတယ်​ အ​စောကြီးပဲ"

ဘယ့်​နှယ်​ဗျာ ဒီအချိန်​​လောက်​ကို အ​စောကြီး။
ဒီလူအလုပ်​မသွားဘူးလား။

Comes To You Where stories live. Discover now