Zawgyi
******ဖြစ်တည်မှုမရှိမီ အချစ်တစ်ခု ပေါက်ဖွားလိမ့်မည်။
ရင်ခုန်သံများ မကြားနိုင်ခင် ထိန်းထိန်းသိမ်းသိမ်းနေမှ ဖြစ်လိမ့်မည်။
ခနတာ သာယာမှုမှာ ရင်မခုန်ချင်ပါ။
ဒူးထောက်အရှုံးပေးချင်စိတ်ဟာ တစ်စက်ကလေးမှ မရှိသည်မို့ ကျွန်တော်သူ့ကို လျစ်လျူရှုရအုံးမည်။ ရင်မခုန်ပါ။ စိတ်မ၀င်စားပါ။ဇာတ်ရှုပ်တဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းမှာ နောက်ဆုံးအချည်းအနှီးအဖြစ် ရပ်တည်ခဲ့တာ ကျွန်တော်သာဖြစ်သည်။ ဆုံးရှုံးမှုနှင့်ရရှိမှုဟာ မရေမရာနဲ့။ မရရှိခဲ့သောအချစ်ကိုဆုံးရှုံးခြင်းနဲ့ ပိုင်ဆိုင်ပြီးသားအချစ်ကို လက်လွှတ်ရခြင်းမှာ ခံစားမှုတို့က ကွာဟတာပေါ့။ ကျွန်တော့်မှာတော့ ချစ်သူကိုလည်းဆုံးရှုံးရ ရန်သူနဲ့လည်း လက်ထပ်ရနဲ့။ ဘ၀က သိပ်တော့မချိုလှဘူးရယ်။
ကိုယ့်ကို အသားနာအောင်လုပ်တာလောက် မုန်းတာမရှိ။ ကျွန်တော့်ကိုပြောတော့ ဘာတဲ့
အဆက်အသွယ်ဖြတ်သင့်ပြီလေး ဘာလေးနဲ့ သူကတော့ အခုချိန်ထိ သူမကို စွဲလမ်းနေသေး။
OhJinHee လို့ပြောတာနဲ့ ထိုးတယ်တဲ့လေ။
နာမည်လေးကြားတာနဲ့ မကူနိုင်မကယ်နိုင်ဖြစ်နေသော ရင်တွင်းခံစားချက်တွေ ဖြစ်မှာပေါ့။
ကျွန်တော့်မှာ သူမကို လွမ်းဖို့တောင် အချိန်အကန့်အသတ်တွေနဲ့ လွမ်းရမည့်ပုံမျိုး။
သူမနဲ့ကျွန်တော် ဆက်သွယ်မှုတွေ မရှိတော့ဘူး။ အရင်ကအချိန်ကြာကြာစကားပြောနေကျ တယ်လီဖုန်းလေးက အခုတော့ ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်လိုရောက်။
ဖြတ်ခနဲတွေ့လိုက်ရတဲ့အချိန်တွေမှာတောင် မျက်နှာလွှဲသွားတဲ့ သူမ။
ဟက်.......ဟိုလူကြီး ပြောသလို ကျွန်တော်သူမအပေါ် သံယောဇဉ်ဖြတ်သင့်ပြီ။ဒီမနက်မှ အဒေါ်ကြီးက မရှိ။ ဗိုက်ဆာဆာနဲ့ မီးဖိုခန်းဆီလာတော့လည်း ဘာမှမရှိတာနဲ့ ကိုယ်ပိုင်အချက်အပြုတ်skill လေးနဲ့ မနက်စာပြင်ရတော့မည်။ ရေခဲသေတ္တာထဲမှ ကြက်ဥနှင့်ပေါင်မုန့်ထုတ်ကာ မနက်စာအတွက်ပြင်ဆင်လိုက်သည်။ မီးပလပ်ဖွင့်ကာ အိုးထဲဆီထည့်လိုက်သည်။
ဒီလောက်လုပ်တတ်တာပင် ကျေးဇူးတင်ရမည်။
ပြသနာက ထိုနေရာမှာပင် စတော့သည်။
ကြက်ဥအလုံးလေးအား ဘယ်နှယ့်ကြော်ရမည်နည်း။ အလုံးလိုက်ပင် ထည့်ကြော်ရမည်လား။ ကြက်ဥတစ်လုံးကြော်ဖို့သည်
မြောက်ကိုးရီးယားကို အမြှောက်ပစ်ဖို့ထက် ခက်ခဲကြောင်းကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့သည်။
လက်တစ်ဖက်တွင် ကြက်ဥကိုကိုင်ထားပြီး နောက်တစ်ဖက်တွင် ဇွန်းကြီးကိုင်ထားသော ကျွန်တော့်ပုံသည် အတော်ပင် ရယ်ချင်စရာ ကောင်းနေလိမ့်မည်။
YOU ARE READING
Comes To You
FanfictionZawgyi & Unicode My heart & my soul come to you I love you but it is too late Vkook Yaoi By:KimTae_Nun Story Cover by me