Chapter-18

8.6K 721 67
                                    

Zawgyi
*******

တိမ်​​တွေနဲ့အတူ ​လေလွင့်​​နေတဲ့ ငှက်​ငယ်​​လေးက နှလုံးသားတစ်​ခုမှာ အသိုက်​မြုံ​တွေ့တဲ့အခါ အ​တောင်​​တွေ ရုတ်​သိမ်းပြီး ​အေး​အေး​ဆေး​ဆေး အိပ်​​နေလိမ့်​မယ်​လို့ ထင်​လား။
ကျွန်​​တော့်​ရဲ့ ငှက်ကြီးက​တော့ ပိကျိပိကျိနှင့်​ အလွန်​တရာမှ စကားများလွန်းသည်​။
ဟိုစပ်​စပ်​ဒီစပ်​စပ်​သွားမလုပ်​မိ​စေနှင့်​ ဟိုဟာမလုပ်​ပါနဲ့ဒီဟာမလုပ်​ပါနဲ့ ဆိုပြီး ​ငေါက်​ငမ်းလွှတ်​တာ။ သူသာအနားမှာရှိ​နေရင်​ တုတ်​တုတ်​​တောင်​ မလှုပ်​ရဲ။
ခုတ​လော အ​ခြေအ​နေ​တွေက ​ကောင်းတာမဟုတ်​​တော့ သူလည်း စိတ်​ဆတ်​လာပုံပဲ။ အင်း​လေ ဘာပဲဖြစ်​ဖြစ်​ ကျွန်​​တော်​က နားလည်​​ပေးရမှာ​ပေါ့။

"CEO Jeon သွားလို့ရပါပြီ!"

အ​ပေါ်ထပ်​ဆင်းလာ​သော သူ့ကိုမြင်​​တော့ ခါးကိုင်းကာ နှုတ်​ဆတ်​လိုက်​သည်​။
ခေါင်းငုံ့ထားလျက်​ မျက်​လုံး​လေးသာ ပင့်​ကြည့်​​တော့ ကျွန်​​တော့်​ကို ပြုံးပြုံးကြီး ကြည့်​​နေ​သော ချစ်​​ယောက်ျား။

"အဟင့်​!! သွားမယ်​​လေ"

အ​ရှေ့မှ လျင်​မြန်​စွာ ထွက်​သွား​သော ကျွန်​​တော့်
နောက်​မှ သူလိုက်​လာသည်​။
ကားတံခါးဖွင့်​ကာ ၀င်​ရန်​ပြင်​​နေ​သော ကျွန်​​တော့်​လက်​ကို ဆုပ်​ကိုင်​ကာ သူရှိရာဘက်​သို့ မျက်​နှာမူ​စေသည်​။

"ဘာလို့လဲ?"

သူ​စွေ့ခနဲဖမ်းဆွဲလိုက်​​သော ကျွန်​​တော့်​ခါး​ပြေ​ပြေဟာ သန်​မာလွန်းလှ​သော သူ့လက်​များထဲ ဓားစာခံဖြစ်​လျက်​ပင်​။
လတ်​တ​လောပိုင်းမှာ မ​တွေ့ဖြစ်​​သော သူ့အပြုံးနုနုက မျက်​နှာ​လေးထက်​မှာ ​ပေါ်လွင်​လို့။ မသိမသာ​လေး​ပေါ်​နေ​သော မြတ်​နိုးရသည့်​ ဘယ်​ဘက်​ပါး​ပေါ်က ပါးချိုင့်​​လေးရယ်​။

အားမပါပဲ အ​နောက်​သို့ သူတွန်းလိုက်​​တော့ ကားတံခါးနှင့်​​ကျောပြင်​ဟာ ထပ်​တူကျလျက်​ရှိသည်​။ ခါးမှာတွယ်​လျက်​ ရှိ​နေ​သော လက်​တို့က အား​လျော့သွား​သ​ယောင်​။ ​ဖြေ​လျော့သွား​သော လက်​များ​ကြောင့်​ အနည်းငယ်​ ရှည်​​နေပြီဖြစ်​​သော လည်​ဂုတ်​မှ ဆံပင်​​လေးကို ပွတ်​သပ်​ရင်း ကားထဲဝင်​ရန်​​ခေါင်းငုံ့လိုက်​သည်​။

Comes To You Where stories live. Discover now