Zawgyi
******ကောင်းကင်ပြင်ပေါ် ပြေးလွှားနေသော တိမ်စိုင်တချို့ကို ငေးမောရင်း သက်ပြင်းချနေမိတာလည်း ဘယ်နှကြိမ်မှန်းမသိတော့။ ရွက်စိမ်းနုနုတို့ကလည်း တခါတခါတိုက်လာသော လေကြောင့် ဟိုယိမ်းဒီယိမ်း။ ထိုသစ်ရွက်တွေကို ကြည့်ရင်း ငိုရအောင်လည်း ကျွန်တော်ဟာ ဆယ်ကျော်သက်အရွယ်လည်း မဟုတ်တော့။
ဒါကိုပင် ဘယ်အရာကို လွမ်းမောမှန်းမသိ လွမ်းနေမိသည်။ လေကခပ်ပြင်းပြင်းတိုက်ပြန်တော့ ပိုလို့ပင် ငိုချင်မိသည်။လက်ထဲမှာကိုင်ထားသော ဖုန်းမျက်နှာပြင်ပေါ်
ထိုရွေ့ဒီရွေ့နှင့်။ ငြီးငွေ့စရာကောင်းလိုက်တာ။
Contact name တစ်ခုပေါ် လက်က ရောက်သွားတော့ ကျွန်တော်ရပ်တန့်သွားသည်။တတီတီနဲ့ ဖုန်းဝင်သံအဆုံးမှာ ကြားလိုက်ရသော တစ်ဖက်က အသံ။
"အင်း Tae ပြော"
သူ့ထံမှ 'Tae' ဟု ခေါ်သံကို ကြားတော့
တိုက်ပေါ်မှပြုတ်ကျသလို လှစ်ခနဲ ခံစားမှု။
ခနကြာသည်အထိ ငြိမ်သက်နေမိတော့ ကျွန်တော့်ကို သူ့ဘက်က စကားစပြန်သည်။"Tae Hyung ဘာဖြစ်လို့လဲ?"
"ဘာမှတော့မဟုတ်......."
"မဟုတ်ရင်လည်း ဒါဘဲနော် ဒီမှာ အလုပ်ရှုပ်နေလို့"
တိခနဲ ပြတ်တောက်သွားသော ဖုန်းလိုင်းကြား သက်ပြင်းမျှမျှချမိသည်။ အလုပ်ရှုပ်နေသည်တဲ့လား။
အားရှီ.......ကျွန်တော်က ဒါဘာဖြစ်နေတာလဲ?
အလုပ်လုပ်နေတဲ့သူက အလုပ်ရှုပ်မှာပေါ့။
ဒါပေမယ့်လည်း လူကို နည်းနည်းတောင် အဖတ်မလုပ်သွားတာကိုတော့ စိတ်ဆိုးနေမိသည်။ ဘေးနားမှအိပ်ရာပုံပေါ် ပုံခနဲ လဲအိပ်လိုက်သည်။ တဖြည်းဖြည်းနှင့် မှေးစင်းလာသော မျက်ခွံများကြောင့် အမြင်အာရုံအာ မှုန်းဝါးလာတော့သည်။"Tae! Tae Hyung ထတော့လေ"
အိပ်မက်လိုလို တကယ်လိုလိုနှင့် ကြားတချက်မကြားတချက်ဖြစ်နေသော အသံတွေကြောင့် တဖက်သို့ပြန်စောင်းကာ လှည့်အိပ်လိုက်သည်။
လက်မောင်းရင်းမှ ဆွဲကိုင်ကာ ပြန်လှည့်သွားခြင်းကို ခံစားလိုက်ရတာမို့ မျက်လုံးများ မဆိုစလောက်ပြူးလာသည်။
ခုတင်စွန်းကို တစ်ခြမ်းသာထိုင်ရင်း လူကို ငုံ့မိုးကြည့်နေသော JeonJungKookတစ်ယောက်ရယ်။
YOU ARE READING
Comes To You
FanfictionZawgyi & Unicode My heart & my soul come to you I love you but it is too late Vkook Yaoi By:KimTae_Nun Story Cover by me