ဘယ်သူက သိမှာလဲ သူကျွန်တော့်ကိုထားခဲ့မယ်လို့........
ဘယ်သူက သိမှာလဲ သူဒီလိုမျိုးထွက်သွားရမယ်လို့....
ဘယ်သူကသိမှာလဲ ကျွန်တော့်ရင်တွေ အခွဲ ခံလိုက်ရမယ်လို့.......
ဘယ်သူက သိမှာလဲ ကျွန်တော်သူ မရှိရင်အသက်မရှင်နိုင်တာကို......
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀"ခွမ်း"
"Hum....."
အစည်းအဝေးလုပ်နေတုန်း ရုတ်တရက်ကြီး ကို ဖန်ခွက်က Chanyeolရဲ့လက်လေးနဲ့ ထိလိုက်မိတာကို ကျ ကွဲ သွားတယ်
စိတ်ထဲမှာလည်းးတစ်မျိုးကြီးပဲ
"ဒူ ဒူ ဒူ"
Vibrate လေးလုပ်ထားတာမို့. တုန်နေတာတော့သိလိုက်တယ် ဖုန်းလေး ကိုဘေးနားမှာ ရှိနေတဲ့ Sehunကိုပေးလိုက်တယ်
"Nae..."
Sehunရဲ့ အသံက အစည်းအဝေးခန်းကြီးထဲ မှာ ဟိန်း ခနဲ ထွက်လာတော့တယ် Chanyeol အပါအဝင် အစည်းခန်းမထဲက လူတွေအကုန်လုံးကြည့်တော့ ဖုန်းလေးကိုင်ပြီး တုန်လှုပ်နေတဲ့ မျက်နှာထားနဲ့ Sehun Chanyeolကိုကြည့်လာတယ်
"Hyung Baekhyun ကားတိုက်ခံရလို့တဲ့"
"ဝုန်းးးးး"
"Hyung hyung"
ဘာသံမှမကြားတော့တဲ့အထိတိုင်အောင် Chanyeol တစ်ရှိန်ထိုးပြေးနေမိတယ် ကားထဲလည်းရောက်ရော သော့ပေါက်ကိုတောင်မထိုးနိုင်တော့ တစ်ကိုယ်လုံးလည်းတုန်နေပြီ
"Hyung ပေး ကျွန်တော်မောင်းပေးမယ်"
မျက်ရည်တွေနဲ့ Sehunကိုကြည့်လိုက်တယ် အမြန်ပဲ မောင်းသူဘေးကို ပြောင်းလိုက်တော့
Sehunဦးဆောင်တဲ့ ကားလေးက ရှော ခနဲ ထွက်သွားတော့တယ် ဆေးရုံ ဆင်ဝင်အောက်ရောက်တာနဲ့ Chanyeol ပြေးဝင်လာခဲ့လိုက်တယ် နေရာအနှံ မှုလူနာတွေကလည်းအပြည့်
ဟင့်အင်းမဖြစ်နိုင်ဘူး Baek သူကဒီနေရာကို သိပ်မုန်းတာ သူဒီနေရာမှာ ရှိမှာမဟုတ်ဘူး
ESTÁS LEYENDO
As U Like(chanbaek)❤❤(complete)
Romanceအချစ်ဆိုတာ ပေးဆပ်မှုလား ကျွန်တော်မသိပါဘူး ဒါပက်မယ့်ကျွန်တော်ရဲ့အချစ်က ပေးဆပ်မှုသက်သက်လေးတစ်ခုပါ(Baekhyum) တကယ်တော့ တခါတလေ ကိုယ့်အထင်နဲ့လက်တွေကလွဲနေတတ်တယ်ဆိုတာ ကျွန်တော်မသိခဲ့ဘူး ပြင်ဆင်လို့မရတဲ့ အရှုံးတွေကိုခံရမှ ကျွန...