ဒီနေ့နဲ့ဆို သုံးရက်ရှိပြီ ကျွန်တော် Park Chanyeol အိမ်ထဲက အိမ်ပြင်ကိုမထွက်တာ ပြီးတော့ အလုပ်ကိုလည်း sehunနဲ့သာ လွှထားရတယ် ဘယ်သူနဲ့မှလည်းမတွေ့ပဲ အိမ်လေးထဲမှာသာ နေတော့တယ်
သူအစားတောင်စားရဲ့လားမသိပါ သေချာတာတစ်ခုကတော့ သူဒီသုံးရက်သုံးလုံးမှာ ဆိုဂျူသာသောက်နေခဲ့တယ်ဆိုတာပဲ
အခုလည်းနိုးနိုးချင်း ဆိုဂျူး သောက်ဖို့ ရှာတော့ မကျန်တော့
"ဆိုဂျူ ထွက်ဝယ်ဦးမှပါ"
ပြောပြီး Chanyeolတစ်ယောက် ခေါင်းစွပ် အိင်္ကျီလေးအပေါ်ကထပ်ဝတ်ပြီး mask တပ်ပြီးထွက်လာခဲ့တယ် အိမ်နားလေးက Market လေးပဲ ဝင်လာခဲ့လိုက်တယ် အသေးလေးတော့မဟုတ် သူ့ဟာနဲ့သူတော့ ကြီးပါတယ် ကျွန်တော် ဆိုဂျူး တန်းမှာ ဆိုဂျူးပုလင်းတွေနဲ့ မက်ဂျူးပုလင်းတွေကို အပြည့်ထည့်ပြီး ထွက်သွားမယ်လုပ်တော့
"ဒီမှာ....."
အနောက်ကိုလှည့်လိုက်တော့ ကောင်လေး သေးသေးလေး သူ့ခါးသာသာလောက်ပဲရှိမယ်
"ငါ့ကိုခေါ်တာလား"
"Inn"
ကျွန်တော် ထိုကောင်သေးသေးလေးရဲ့ ဘေးကို ထိုင်ချလိုက်တယ်
"မင်းဒီမှာဘာလုပ်နေတာလဲ???"
"ရေခဲ မုန့်စားချင်လို့"
"ခဏလေး ငါဝယ်ကျွေးမယ်"
ထမယ့်ကျွန်တော့်လက်ကို ဆွဲပြီး
"အကယ်၍ အခု ချိန်မှာ သာ လိုချင်တဲ့ဆုတစ်ခုတောင်းဆို ဘာကို တောင်းမလဲ??"
သူတွေဝေခြင်းမရှိပဲ ပြောလိုက်တယ် ပြုံးပြီးတော့ပေါ့
"ငါ့ချစ်သူကို ပြန်လိုချင်တယ်"
ပြောပြီး Chanyeol ရေခဲ မုန့်တွေထား
တဲ့ တန်းမှာ ရေခဲ မုန့်လေးတစ်ခု ယူပြီးထိုနေရာကိုပြန်ထွက်လာခဲ့တယ်"Hum!!!!"
ဟိုကောင်သေးသေးလေး ရှိမနေတော့ သူလိုက်ရှာမိသေးသည် ဒါပင်မယ့်ထိုကောင်လေးကို ဘယ်နေရာမှာ မှရှာမတွေ့တော့ပါ နောက်ဆုံးရေခဲမုန့်လေးကိုပဲ အဲ့နေရာလေးမှာ ထားခဲ့ပြီးထွက်လာခဲ့တော့တယ်
![](https://img.wattpad.com/cover/108842819-288-k401700.jpg)
YOU ARE READING
As U Like(chanbaek)❤❤(complete)
Romanceအချစ်ဆိုတာ ပေးဆပ်မှုလား ကျွန်တော်မသိပါဘူး ဒါပက်မယ့်ကျွန်တော်ရဲ့အချစ်က ပေးဆပ်မှုသက်သက်လေးတစ်ခုပါ(Baekhyum) တကယ်တော့ တခါတလေ ကိုယ့်အထင်နဲ့လက်တွေကလွဲနေတတ်တယ်ဆိုတာ ကျွန်တော်မသိခဲ့ဘူး ပြင်ဆင်လို့မရတဲ့ အရှုံးတွေကိုခံရမှ ကျွန...