Save me.

1.8K 70 4
                                    

မင်းအဆင်​​ပြေရဲ့လား ငါ့ကို ​မေးတိုင်း.....
ငါ့ရဲ့​မှေးမှိန်​တဲ့မျက်​လုံး​လေး​တွေနဲ့ ပြန်​ကာကြည့်​ရင်း ဖြူ​ဖျော့​နေတဲ့ နှုတ်​ခမ်းက​နေ ဒီစကား​ပြောမယ်​....ငါ့ရဲ့စိတ်​ထဲ သူအခုထိအသက်​ရှင်​​နေ​သေးတယ်​ ......Dam....

✆ ✆ ✆ ✆ ✆ ✆ ✆ ✆ ✆ ✆ ✆ ✆ ✆ ✆ ✆ ✆

ကျွန်​​တော်​ အိမ်​ပြန်​လာခဲ့တယ်​ ​ဆေးရုံမှာ​နေရတာ မွန်းကျပ်​လို့ ပြီး​တော့ သူ့ရဲ့ဓာတ်​ပုံထားရာ အသုဘ သဘင်​မှာလည်းမ​နေချင်​ဘူး ကျွန်​​တော်​သူ့ကို​လေအပြင်​မှာပဲ တစ်​​နေကုန်​ထိုင်​ကြည့်​ချင်​တာ အခု​တော့သူက ကျွန်​​တော့်​ကို ဓာတ်​ပုံ​ဘောင်​ထဲမှာ​နေ​ပြီးကျွန်​​တော့်​ကိုပြုံးကြည့်​​နေတာက

ကျွန်​​တော့်​ကို အသည်းခိုက်​မတတ်​နာကျင်​​စေတယ်

အဲ့ဒါ​ကြောင့်​အိမ်​ပြန်​လာတာ မှားသွားပြီလားပဲ

ဟုတ်​တယ်​ အိမ်​ ဒီအိမ်​ပဲ သူနဲ့ကျွန်​​တော်​ရဲ့ နှစ်​​ယောက်​ထဲ ကမ္ဘာ​လေး ကျွန်​​တော်​တို့ရဲ့ အချစ်​​တွေပုံ​ဖော်​ခဲ့တဲ့ကမ္ဘာ​လေး ပြီး​တော့ကျွန်​​တော်​တို့နှစ်​​ယောက်​ရဲ့ က​လေး​လေး ဖြစ်​တည်​ခဲ့တဲ့ ​နေရာ​လေး .....

"Baekရယ်​ မင်းမို့ကိုယ့်​ကိုထားခဲ့ရက်​တယ်​ကွာ"

ကျလာပြန်​ပြီဒိမျက်​ရည်​ ဒီ တစ်​ပတ်​လုံးလည်း ငိုပြီးပြီ အခုလည်းထပ်​ငိုမိပြန်​ပြီ ကျွန်​​တော်​ဘယ်​လိုလုပ်​ရမလဲ

လောကကြီးမတရားလွန်းရာ ကျမ​နေဘူးလား သူမရှိတဲ့ ကျွန်​​တော့်​ ကမ္ဘာက ဘယ်​မှာ အဓိပ္ပါယ်​ရှိမှာလဲ ​ဗျာ

လှေကားထစ်​​လေး​တွေဆီလှမ်းလိုက်​​တော့ ​တွေ့လိုက်​ရတာ​တွေက ရင်​ထဲကိုအသည်းခိုက်​မတက်​နာကျင်​ဘာပြန်​​ရော

ဓာတ်​ပုံ​တွေ ကျွန်​​တော်​တို့နှစ်​​ယောက်​ရဲ့ မင်္ဂလာပွဲက ပုံ​လေး​တွေ baekရဲ့ အပြုံး​လေး​တွေက ​နေရာအနှံပျံကျဲလို့ ဒါ​တွေကို Baek​ပျော်​​စေချင်​လို့ ကျွန်​​တော်​ကိုယ်​တိုင်​လုပ်​ထားခဲ့တာမှတ်​လား

As U Like(chanbaek)❤❤(complete) Where stories live. Discover now