Backward

1.8K 77 0
                                    

ကျွန်​​တော့်​ ကမ္ဘာ​လေး အသက်​ပြန်​ဝင်​လာ​သောအခါ......

££££££££££££££££££££££££££££££££

Chanyeol တစ်​​ယောက်​ အိပ်​ယာထက်​မှာလူးလွန့်​ရင်းနဲ့ နိုးထလာခဲ့တယ်​ ​ဘေးက အိပ်​ယာ​လေးကိုစမ်းကြည့်​မိ​တော့

အထိတ်​တလန့်​နဲ့ငုတ်​တုတ်​ထ ထိုင်​မိတယ်​ ဝုန်းဆိုပြီး ​ရေချိုးခန်းထဲ လည်း​ပြေးရှာမိတယ်

"Baek...."

အောက်​ခပ်​ဆင်းပြီး ရှာ​တော့ မီးဖိုထဲ မှာ အလုပ်​​တွေ ရှုပ်​​နေတဲ့ Baek​လေး အ​နောက်​က​နေ သွားဖက်​လိုက်​​တော့

"Omo လန့်​လိုက်​တာ Yeolရယ်​"

"ကိုယ်​က ပိုလန့်​တယ်​ Baekရဲ့ ကိုယ်​နိုးလာ​တော့ ကိုယ့်​​ဘေးမှာ Baekမရှိ​တော့ ကိုယ်​မှာ ဘယ်​​လောက်​လန့်​သွားလဲ စဉ်းစားကြည့်​"

"​စော​စော စီးစီး ဘာ​တွေ ကပ်​ချွဲ​နေတာလဲ မျက်​နှာသစ်​ပြီးရင်​ အလုပ်​သွားရဦးမယ်​​လေ"

"ဟင့်​အင်း မသွားဘူးကိုယ်​ Baek နားမှာပဲ ​အနားယူမလားလို့ အလုပ်​က sehunနဲ့လည်း လွှဲထားလို့ရတာကို "

"Yeol တကယ်​​ပြော​နေတာလား??"

မျက်​လုံး​လေး ​ပေကလပ်​ ​ပေကလပ်​နဲ့ ​​ပြောလာတဲ့ Baekကိုကြည့်​ပြီး အချစ်​​တေပိုရတာလည်း Chanyeolသာလျှင်

"Inn ကိုယ်​ တစ်​လ​လောက်​ အလုပ်​မသွာယပဲ အပျင်းတက်​ကြည့်​မလို့ ရလားဟင်​"

"Yeolကအလုပ်​တစ်​ရက်​ပျက်​ရင်​​တောင်​ အလုပ်​​တွေက​တောင်​လိုပုံ​နေတာ​လေ အခုတစ်​လ​တောင်​ ပျက်​မှာဆို​တော့ Yeol အလုပ်​ပြန်​တက်​ရင်​ အိမ်​​တောင်​ပြန်​​ရောက်​ပါ​တော့မလား"

မျက်​နှာ​ငယ်​​လေးနဲ့ ​ပြောလာတဲ့ ချစ်​စရာ Baekရဲ့ မျက်​နှာ​လေးကိုကြည့်​ပြီး

"စိတ်​ချ ဘယ်​​တော့မှ အဲ့လိုကိစ္စမရှိ​စေရ​တော့ဘူး ကိုယ့်​ ဘဝမှာ​လေ Baekကအ​ရေးကြီးဆုံး အလုပ်​ဆိုတာက Baekကိုတင့်​​တောင့်​တင့်​တယ်​ထားချင်​လို့သာ ကိုယ်​လုပ်​​နေတာ Baekထက်​ပိုပြီး ကိုယ့်​ ဘဝမှာ ဘာမှ အ​ရေးမကြီးဘူး"

As U Like(chanbaek)❤❤(complete) Where stories live. Discover now