Part - 3

11.2K 1K 17
                                    

[U]

မနက်အစောကတည်းက မိုးအုံ့နေသော ရာသီဥတုသည် ၉နာရီကျော်သည်အထိ နေရောင်ကို မြင်ခွင့်မပေးသေးပေ။

သစ်တောဧရိယာ များသည်မို့ ဒီမြို့တွင် နေရောင်ပြင်းပြင်းက အချိန်ကြာကြာ ရှိမနေ။ ယနေ့လိုသာ အုံ့မှိုင်းမှိုင်း ရာသီဥတုက ပိုအလေးသာသည်။

"Baekhyun ဒီနေ့ကျောင်းသားသစ် ရောက်မှာနော် "

ကားပေါ်မှ ဆင်းလာလာချင်း အပြေးလာကာ ပခုံးပြေးဖက်သူက Kyungsoo ။ နှစ်လုံးစလုံးက အပေါင်းအသင်းနည်းပြီး skinshipသိပ်မရှိသူတွေ ဖြစ်ကြပါလျက် အခုတော့ တစ်ဝမ်းတည်းမှ ထွက်လာသည့် ညီအကိုတွေအတိုင်းပင်။

"ဘရားသား မနေ့ကလည်း ပြောပြီးသားလေ "

"အင်း ငါထပ်ကြားလာတာ ရှိလို့လေ"

မျက်လုံးတွေ ဘလင်းဘလင်းထနေပုံက နောက်ဆုံးရသတင်းအကြောင်း ပြောဖို့ မစောင့်နိုင်တော့သည့်နှယ်။ Baekhyun ပြုံးရင်း သက်ပြင်းသာ ချလိုက်မိ၏။

ပါမောက္ခဌားနေသည့်အိမ်သည် Kyungsoo တို့အိမ်နှင့် တစ်အိမ်ကျော်တွင် ဖြစ်နေသောကြောင့် Kyungsoo အမေနှင့် စကားစမြည်ပြောရင်း ထိုသတင်းကို ရလာခြင်းဖြစ်သည်။ အရေးကြီးသည့် သတင်းမဟုတ်သော်လည်း အတန်းထဲရောက်မှ သိမည့်ကိစ္စကို သူကကြိုသိနေသည့်အတွက် Baekhyun ကိုပါ မျှဝေချင်နေပုံ ရသည်။

သူ့တွင် ဒီလို ကိစ္စသေးသေးလေးတွေက အစ စိတ်ဝင်တစား အတူပြောဆိုချင်သည့် သူငယ်ချင်းမျိုး ရလာလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးချေ။ ဒီအသက်ပိုကြီးသည့် သူငယ်ချင်းလေးကိုတော့ Baekhyun ပိုသဘောကျလာသည်။

"အင်း ပြောပါဦး ဘာသတင်းတွေများ ထပ်ရခဲ့တုန်း "

" ကျောင်းသားသစ်ကလေ မင်းနဲ့ ဆန့်ကျင်ဘက်ပဲ သူက ၂နှစ်နားပြီးမှ အခုမှ ကျောင်းပြန်တက်တာတဲ့ "

"အော... စစ်မှုထမ်းနေလို့ နေမှာပေါ့ "

"အင်း...နောက်ပြီးတော့လေ အထက်တန်းကို နိုင်ငံခြားမှာ အောင်လာတာတဲ့ "

"အဲတော့ "

Baekhyun စကားအဆုံးမှာ Kyungsooက လမ်းလျှောက်နေတာကို ရပ်လိုက်ပြီး ဘယ်သူမှ သူတို့စကားဝိုင်းကို နားထောင်မနေသော်ငြား Baekhyun နား နားကပ်၍

HEWhere stories live. Discover now