Part - 4

11.1K 1K 19
                                    

[U]

ဘဏ်အကောင့်ထဲသို့ လတိုင်း မပျက်မကွက်၀င်လာစမြဲဖြစ်သည့် ငွေတွေကို Baekhyun မသုံးဖြစ်တာ ကြာလှပြီ။ အမေဖြစ်သူပိုင်ဆိုင်ခဲ့သည့် လက်၀တ်ရတနာ အိမ်ခြံများကို Baekhyunအမွေအဖြစ်ရလိုက်ပြီး တိုက်ခန်းများမှ ငှားခနှင့်ပင် သူ့အတွက် လုံလောက်နေပြီ။ တစ်ကယ်တမ်းတော့ ၁၆နှစ်အရွယ် Baekhyunအတွက် သုံးစရာက သိပ်မရှိပေ။

ယခု‌အိမ်တော်ကြီး၏ ထိန်းသိမ်းစရိတ် ၊ ထောက်ပံ့ကြေးတွေ အားလုံးကလည်း Baekhyunထုတ်ရသည်မဟုတ် ၊ သို့သော် အကောင်းတကာ့ အကောင်းဆုံး ပြင်ဆင်ထား၏ ။

စံအိမ်အသွင်အပြင်က ရှေးဆန်နေသော်လည်း အတွင်းပိုင်းပြင်ဆင်မှုကတော့ နောက်ဆုံးပေါ် ဇိမ်ခံပစ္စည်းများ ‌ဖြည့်သွင်းထားသည် ။

ရေချိုးခန်းမှာလည်း လူနှစ်ယောက်ခန့်ကောင်းကောင်းကြီး ၀င်ဆန့်သည့် ရေစိမ်ကြွေကန်ကြီး ပြင်ဆင်ထားပြီး အခန်း အကျယ်အ၀န်းက သာမန်အခန်းတစ်ခန်းစာထက်ပင် ကျယ်ပြန့်သေး၏။

Baekhyunတစ်ယောက်မှာတော့ ရေနွေးစပ်ထားတဲ့ ရေချိုးကန်ထဲ စိမ်နေရင်း ငိုက်မြည်းလျက်ရှိသည်။မှေးစင်းနေတဲ့ မျက်လုံးတွေက ဦးတည်ရာ အတည်တကျမရှိပဲ တစ်စုံတစ်ရာကို ‌အတွေးလွန်နေပုံပေါ်သည်။

တစ်ခါတစ်ရံ အိပ်ယာက နိုးလာသည့် အချိန်များမှာ သူဘာလို့ ဒီကို ရောက်လာမှန်း ဝေဝါးဝါးဖြစ်နေဆဲပင်။

သူနည်းမျိုးစုံနဲ့ ကြိုးစားခဲ့ပြီးပြီ ။ သူလိမ္မာရင် သူ့အဖေက သူ့အပေါ် အရင်လို ပြန်ကြင်နာလာလိမ့်မယ် အထင်နှင့် သူအကောင်းဆုံး ကြိုးစားခဲ့သည်။ အာရုံစိုက်မှု တစ်စုံတစ်ရာအတွက်လည်း သူရန်ဖြစ်ခဲ့သည် ။ အမြင်မကြည်သည့် အကြည့်တစ်ချက်အတွက်လည်း သူပြဿနာမျိုးစုံ လုပ်ခဲ့ဖူးသည် ။

အရာရာတိုင်းက ရေကန်ထဲပစ်ချလိုက်သည့် ကျောက်ခဲလေးလိုပင်။ သူ့အတွက် လူဆိုး အရိုင်းအစိုင်း ဆိုသည့် နာမည်ပြောင်လို ရေပွက်ကလေးကလွဲပြီး ဘာမှ အရာမထင်ခဲ့ပေ။

HEWhere stories live. Discover now