1. ပထမဦးဆုံးသော တွေ့ဆုံမှု

14.5K 485 28
                                    

Chapter 1.0 (Volume 1)

Unicode

Shu Nian ဟာ ပထမဦးဆုံးအကြိမ်အဖြစ် Xie Yan နဲ့စတွေ့ခဲ့တဲ့နေ့ကို ယခုအချိန်ထိသတိရနေဆဲဖြစ်ပါသည်။

ထို့နေ့က ရာသီဥတုသာယာခဲ့ပါသည်။ ခြံဝန်းကြီးရဲ့ထောင့်စွန်းနားလေးမှာ သူကုပ်ကုပ်လေးထိုင်နေရင်း အခါပေါင်းများစွာဖတ်ခဲ့ဖူးသော ပုံပြင်စာအုပ်ဟောင်းလေးကို တရွက်ပြီးတရွက် မြန်မြန်လှန်ကြည့်နေခဲ့ပါသည်။ မျက်လုံးလေးမှိတ်လို့ စဉ်းစားလိုက်ရင်တောင် တရွက်ချင်းစီကပုံလေးတွေကို မှတ်မိနိုင်တဲ့အထိ ထပ်ခါတလဲလဲဖတ်ထားဖူးသည့် စာအုပ်ဟောင်းလေးဖြစ်သည်။ ဒါပေမဲ့လည်း အဲ့ဒီ့စာအုပ်လေးကိုပဲ စိတ်ဝင်တစားနဲ့ ထပ်ပြီးဖတ်နေမိပါသည်။ သူပိုင်ဆိုင်တဲ့တစ်ခုထဲသောစာအုပ်လေးဖြစ်တာမို့ မငြီးငွေ့တမ်းဖတ်မိနေတာလည်းဖြစ်နိုင်လိမ့်မည်။

သူနှင့် မိဘမဲ့ဂေဟာက မိန်းကလေးအများစုက ပုံပြင်စာအုပ်လေးထဲက မင်းသားလေးကို နှစ်သက်ကြသည်။

ချောမောသောရုပ်ရည်နှင့် ခန့်ညားသောဝတ်ရုံလေးကိုဝတ်လို့ မှော်ဓားကြီးကိုင်ဆွဲပြီး နဂါးအကြီးကြီးကိုအနိုင်ယူ၊ ပြီးတော့ ရဲတိုက်ကြီးထဲကမင်းသမီးလေးကို ကယ်ဆယ်။

Shu Nian လေးသည် ထိုစာမျက်နှာလေးကို ထပ်တလဲလဲ အားကျတဲ့အကြည့်တွေနဲ့ ဖတ်နေမိသည်။ သူသည်လည်း စာအုပ်ထဲကမင်းသမီးလေးလို ဖြစ်ချင်သည်။ စာအုပ်ထဲကအတိုင်း
''သက်ဆုံးတိုင် ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြလေသတည်း'' ဆိုတဲ့အဆုံးသတ်တစ်ခုကို ရူးမတတ်လိုချင်နေမိသည်။ ကလေးတစ်ယောက်၏ အရောင်မစွန်းသော ချစ်စရာအတွေးဖြူဖြူလေးတွေဖြစ်လေသည်။

Shu Nian လေးဟာ ထိုအချိန်တုန်းက ၁၂နှစ်ရှိပြီဖြစ်သည်။ သို့ပေမဲ့ အရွယ်မရောက်သေးသော အာဟာရမပြည့်ဝတဲ့ ၁၀နှစ်သားလေးဟုထင်ရသည်။ မတ်တပ်ရပ်နိုင်တဲ့အား မရှိဘူးဟုထင်ရလောက်အောင်ကို ပိန်သွယ်နေခဲ့သည်။

သူတို့နေထိုင်ရာ မိဘမဲ့ဂေဟာလေးသည် ''ပျော်ရွှင်ခြင်း'' မိဘမဲ့ဂေဟာဖြစ်သည်။ ကံမကောင်းစွာနဲ့ပဲ ShuNian လေးဟာ 'ပျော်ရွှင်ခြင်း' ဆိုတဲ့ ဝေါဟာရရဲ့အဓိပ္ပါယ်ကို သေချာနားမလည်ခဲ့ပါ။ သူနားလည်သောပျော်ရွှင်မှုဆိုသည်မှာ သတင်းယူသူတွေ အင်တာဗျူးသူတွေလာစဉ် ဝတ်ရသော အကျႌအသစ်လှလှလေးများ၊ နှစ်သစ်ကူးညများမှာ ရလေ့ရှိသော ဝက်သားတုံးအပိုများ၊ ပြီးတော့... သူ့အတွက် ပျော်ရွှင်မှုဆိုတာ မရှိသလောက်ကိုရှားခဲ့သည်။

Uncontrolled Love (Myanmar translation){Hiatus} [Z+U]Where stories live. Discover now