Chapter 2.0 (Volume 1)
"Xiao Nian မပြီးသေးဘူးလား''Xie Yan ၏အသံသြရှရှသည် ဝန်ထမ်းတစ်ယောက်ထဲကျန်နေခဲ့သော ရုံးခန်းထဲတွင် ဟိန်းထွက်လာသည်။
"Oh ဟုတ်ကဲ့... သိပ်မကြာခင်ပြီးတော့မှာပါ''
Shu Nian သည် သခင်လေးရှေ့တွင် အချက်အလက်တွေစီစစ်ရသည်မှာ ရှက်ရွံနေပြီး Xie Yan က သူ့ကို အလုပ်လုပ်ရာတွင် အချောင်ခိုသည်ဟု ထင်သွားမှာစိုးရိမ်နေသည်။
Shu Nian သည် အချောင်ခိုတတ်သောလူစားမျိုးမဟုတ်ပါ။ သို့သော် သူ၏အလုပ်လုပ်နိုင်စွမ်း၊ ကျွမ်းကျင်မှု၊ တိကျမှုနှင့် အရည်အချင်းတို့သည် Xie Yan နှင့်မယှဉ်နိုင်အောင် နိမ့်ပါးလွန်းသည်။ သူသည် နဂိုထဲက ဉာဏ်ကောင်းလွန်းသောလူစားမျိုးမဟုတ်။
သို့သော် ဉာဏ်ကောင်းပြီး နိုင်ငံရပ်ခြားတွင် ပညာသင်ယူခဲ့သောသခင်လေးအတွက် သူသည် ပြိုင်ဖက်မဟုတ်ပါ။ နိုင်ငံပေါင်းများစွာလှည့်ပတ်၍ certificate ပေါင်းများစွာရထားသော Xie Yan နှင့်ယှဉ်လျှင် သူ၏အသိဉာဏ်နှင့် ဗဟုသုတတို့မှာ ပုံမှန်သာရှိသည်။ ထို့ကြောင့် သခင်လေး၏မျက်စိထဲတွင် သူ၏အလုပ်နှုန်းသည် အချောင်ခိုသည်ဟု အထင်ရှိနိုင်သည်။ အထူးသဖြင့် ဒီနေ့လိုနေ့မျိုးတွင် ပို၍ဆိုးလေသည်။
"မင်းကသိပ်နှေးတာပဲ'' Xie Yan ဟာ လက်ကနာရီကိုငုံ့ကြည့်လိုက်သည်။ ''ငါမင်းကိုစောင့်နေတာ မိနစ်၃၀မကတော့ဘူး။ အခုထိမပြီးသေးဘူး။ ဗိုက်ဆာလို့သေတော့မယ်''
သူ Xie Yan နှင့်စကားပြိုင်မပြောရဲပါ။ ဗိုက်ဟောင်းလောင်းနှင့် Xie Yan သည် ဒေါသထွက်နေသော နဂါးတစ်ကောင်ထက် အန္တရာယ်ကြီးသည်။
"သခင်လေး အရင်ပြန်နှင့်လိုက်ပါလား။ မြန်မြန်ပြီးနိုင်မှာမဟုတ်ဘူး။ စောင့်နေစရာမလိုပါဘူး။ ပြန်နှင့်လိုက်ပါ''
Shu Nian အမှားတွေဘယ်နှခုလုပ်မိလဲ မမှတ်မိပါ။ ထို့အပြင် သူ့၏လုပ်ဆောင်မှုတို့သည် အိုဟောင်းနေသောစက်ရုပ်တစ်ခုလို တုံ့ဆိုင်းနှေးကွေးနေသည်။ Xie Yan သည် နံဘေးရှိခုံတွင် ခြေချိတ်ထိုင်လိုက်ပြီး လက်ကိုတင်းတင်းပိုက်လျက် Shu Nian ကိုစိုက်ကြည့်လိုက်သည်။ မျက်နှာအခြေအနေသည် ညကောင်းကင်ထက် မှောင်လုပြီဖြစ်သည်။
YOU ARE READING
Uncontrolled Love (Myanmar translation){Hiatus} [Z+U]
Romanceတော်တော်များများက Uncontrolled Love ကို Movie အနေနဲ့ ခံစားဖူးကြတယ်ဆိုတော့ Novel မှာ ဘယ်လိုကွာခြားသွားမလဲဆိုတာ ခံစားကြည့်ကြမလား... Author - Lan Lin Original Translation - Anne Noh