1. သေဆုံးသွားသော အိပ်မက်များ

4.2K 339 11
                                    

Chapter 1.5 (Volume 1)

Unicode

သခင်လေး Xie Yan သည် စိတ်တိုလွယ်လွန်းပြီး ကောက်ကျစ်သောနည်းမျိုးစုံနဲ့ Shu Nian ကိုအနိုင်ရရန်ကြိုးစားလေ့ရှိသည်။ တစ်ခါတစ်ရံ ရန်လိုတတ်သည်။ သို့သော်လည်း မည်မျှပင်စိတ်တိုစေကာမူ Shu Nian ၏ပါးကို စိတ်တိုင်းကျဆွဲဆိတ်ခြင်းကလွဲ၍ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံဘူးတာမျိုးမရှိပါ။

သို့သော်အသက်တွေကြီးလာသည့်အခါ Shu Nian ၏ပါးကိုဆွဲဆိတ်ခြင်းသည် Xie Yan ကိုအားရကျေနပ်စေနိုင်ခြင်းမရှိတော့ပါ။ ထို့ထက်ပိုပြီးလည်း အနိုင်မကျင့်ရက်တာမို့ ပါးကိုဆွဲဆိတ်သည့်နည်းလမ်းမျိုးစုံကိုသာ ရှာဖွေတော့သည်။

Shu Nian သည် ငယ်စဉ်အခါက မိမိကိုကာကွယ်စောင့်ရှောက်ပေးမည့် မင်းသားလေးကို လိုချင်ခဲ့သည်။ သို့သော် လက်တွေ့တွင် နည်းမျိုးစုံနှင့် အနိုင်ကျင့်ရန်ကြိုးစားသော သခင်လေးနှင့်သာဆုံစည်းခဲ့သည်။

___________________________

*Beep Beep Beep

Alarm မြည်သံကျယ်ကျယ်လောင်လောင်ကြောင့် Shu Nian အိပ်ရာမှ ရုတ်တရက်လန့်နိုးလာရသည်။ လက်တစ်ဖက်နဲ့ alarm ပိတ်လိုက်ပြီး နောက်တစ်ဖက်က မျက်နှာကိုအမြန်စမ်းလိုက်သည်။

*ယောင်မနေဘူး*

အိပ်မက်တစ်ခုပဲဖြစ်သည်။ Xie Yan ၏ အမျိုးစုံသော ဆွဲဆိတ်နည်းတို့သည် ငယ်ရွယ်သော Shu Nian လေးအတွက် အိပ်မက်ဆိုးများဖြစ်လာခဲ့သည်။ ၂၀ကျော်လို့ အသက် ၃၀ပြည့်လုနီးအရွယ်ရောက်ခဲ့တာတောင် Xie Yan ၏လက်တို့ကိုကြောက်ရွံ့နေရဆဲပင်ဖြစ်သည်။

ယနေ့တွင် Xie Yan သည် England တွင်ပညာသင်ကြားရာမှ ပြန်လာတော့မည်ဖြစ်သည်။ အိပ်မက်မက်ရသည့် အကြောင်းရင်းလည်းဖြစ်သည်။

*နှစ်တွေအကြာကြီးမတွေ့ရတော့ သခင်လေးဘယ်လိုများပြောင်းလဲသွားမလဲမသိဘူး* တီးတိုရေရွတ်လို့အိပ်ရာကထခဲ့သည်။ သခင်ကြီးနှင့်သခင်မက Xie Yan ကိုလေဆိပ်မှာ ကိုယ်တိုင်သွားကြိုမည်ဖြစ်သဖြင့် Shu Nian ကဏ္ဍမလိုအပ်။ ပုံမှန်မနက်များလိုပင် ရေချိုးမနက်စာစား၍ အလုပ်ကိုသွားရုံပင်ဖြစ်သည်။

Uncontrolled Love (Myanmar translation){Hiatus} [Z+U]Where stories live. Discover now