3. အနမ်း မမည်သော အနမ်းတစ်ခု

6.9K 411 46
                                    

Chapter 3.0 (Volume 1)

"Xiao Nian မင်းကသိပ်ကပ်စေးနှဲနေတာပဲ''

ရေချိုးပြီးတဲ့နောက် Shu Nian ရဲ့အိပ်ရာကိုမောင်ပိုင်စီးထားသော Xie Yan သည် remote control နဲ့ TV channel တွေကို လျောက်ပြောင်းနေရင် ပြောလိုက်သည်။

သူတို့စောစောကထမင်းစားခဲ့သော မဟော်ဂနီစားပွဲကြီးသည် Xie Yan အင်္ဂလန်မသွားခင်ကရှိခဲ့သော စာပွဲကြီးဖြစ်သည်။ ငယ်ငယ်က သူဆော့ရင်းကစားရင်းနှင့် ဓားနှင့်လျောက်ထွင်းခဲ့သောအရာများကို ယခုထိတွေ့နိုင်သည်။ အိမ်ကို တစ်ပတ်ခန့်လျောက်သွားကြည့်သောအခါ သူနှင့်အလွန်ရင်းနှီသောအရာများစွာ ရှိနေသေးသည်။ အင်္ဂလန်မသွားခင်အထိ သူနှင့်ရင်းနှီးခဲ့သော အသုံးအဆောင်များစွာ ရှိနေဆဲဖြစ်သည်။

"ဒီအိမ်က သခင်လေးအကြိုက်ပဲ ပြင်ဆင်သွားခဲ့တာလေ''

"Xiao Nian... မသိရင် Xie အိမ်ကကောင်းကောင်းမဆက်ဆံဘူးဖြစ်နေလိမ့်မယ်။ မနက်ဖြန်ကျ အိမ်ကိုပြုပြင်ရအောင် တယောက်ယောက်ကိုခေါ်လိုက်မယ်''

"ကိစ္စမရှိပါဘူး။ ဒီပစ္စည်းလေးတွေသုံးရတာ အဆင်ပြေပါတယ်''

Xie Yan ထွက်သွားတုန်းက သူ့အသက် ၂၃နှစ်။ လေဆိပ်မှာလိုက်ပို့စဉ်က ပြတ်သားချင်ဟန်ဆောင်ခဲ့ပေမဲ့ တကယ့်စိတ်ထဲက မွန်းကျပ်နေခဲ့သည်။ နှုတ်ဆက်ရန်စကားတို့ကား ထွက်မလာနိုင်ခဲ့။ ထိုစဉ်က နှုတ်ဆက်လက်ဆောင်အပြုံးတစ်ခုသည် မျက်ရည်များနှင့် ထုဆစ်ခဲ့ရသည်။ စားဖို့ အိပ်ဖို့ မေ့သွားလောက်တဲ့အထိ လွမ်းမိသည်။ လေဆိပ်ကပြန်လာပြီး တစ်ညလုံးဆိုဖာပေါ်မှာ အသိလက်လွတ်ထိုင်နေခဲ့မိသည့်အထိ။ Xie Yan ထွက်သွားစဉ် ဒီအိမ်လေးက အမှတ်တရတွေဖြင့်သာ လွမ်းဆွတ်ခဲ့ရသည်။ ဒီပစ္စည်းအသုံးအဆောင်လေးများသည် သူ့အတွက် အဓိပ္ပါယ်ရှိနေသည်။

ပြန်တွေးကြည့်လျှင် Xie Yan ကိုလေဆိပ်လိုက်ပို့ပေးသည့်နေမှစလို့ Xie Yan အပေါ် သူ့ရဲ့ခံစားချက်တို့ သေချာသွားခဲ့ခြင်းဖြစ်သည်။ ခြောက်ခြားဖွယ်ကောင်းသော အမှန်တရားတစ်ခုကိုရှောင်ပြေးရန် ကြိုးစားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ လေဆိပ်မှာ မိမိကိုကျောခိုင်း၍ ရေမြေရပ်ခြားကိုထွက်ခွာသွားသော ကျောပြင်ကိုမြင်ကာမှ မိမိ၏ ဖုံးကွယ်ထားသောအချစ်တို့သည် စုပြုံပေါက်ကွဲထွက်လာခဲ့ခြင်းဖြစ်သည်။ Xie Yan အပေါ်မှာထားရှိသော Shu Nian ၏အချစ်သည် ညီအကိုသံယောဇဉ်ထက်ပိုကြောင်း လက်မခံချင်သော်လည်း လက်ခံလိုက်ရသောအချိန်ဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Jun 09, 2020 ⏰

Add this story to your Library to get notified about new parts!

Uncontrolled Love (Myanmar translation){Hiatus} [Z+U]Where stories live. Discover now