အပိုင်း(၁)

1.5K 57 22
                                    

Seung Hyun ခရီးပန်းလာတာကြောင့် ပစ္စည်းတွေအကုန်နေရာချပြီးတာနဲ့ ကုတင်ပေါ် ခြေပစ်လက်ပစ် လှဲချပစ်လိုက်သည်...

"Phew~ "
အိပ်ချင်စိတ်မရှိသေးတာနဲ့ အခန်းကို မျက်စိကစားမိလိုက်တော့
အခန်းထောင့်မှာနေရာယူထားသော အဝတ်စားအိတ်တစ်ခုကြောင့် Dae Sung ရော ရောက်နှင့်နေပြီဆိုတာ သတိပြုမိလိုက်သည်...

ပထမနှစ်ကတည်းက အဆောင်မှာ နှစ်ယောက်တူတူ တစ်ခန်းထဲနေခဲ့ကြတော့.. Daeနဲ့ Seung Hyunက ညီအစ်ကိုလို ရင်းနှီးသည်...

ရောက်နှင့်တာကို ဖုန်းကြိုမဆက်တဲ့Daeကို အပြစ်ပေးချင်တာကြောင့် သူ အိပ်နေရာက ထလိုက်ပြီး လက်ဆွဲအိတ်ထဲက ပင့်ကူရုပ် ထုတ်လိုက်ကာ Dae အိတ်ထဲ ခိုးထည့်ထားလိုက်သည်...<ယုတ်မာတာ ကလေးကို 😢>

"Hk hk ငဒယ်တော့ ကြောက်လို့တုန်နေမှာ မြင်ယောင်သေး 😝"

Seung Hyun တစ်ယောက်ထဲပြောလိုက်ရင်း လူယုတ်မာပြုံး ပြုံးလိုက်သည်...😈😈😈

~Ring~Ring~📱📲

Ph မြည်သံကြောင့် အိတ်ကပ်ထဲက ဖုန်းကို ထုတ်လိုက်ပြီး caller IDကိုကြည့်လိုက်တော့ Yuဆီက ဖြစ်နေသည်..

*click*

"Hello Yu ကိုယ့်ကို ပစ်ထားတာ တော်တော်ကြာပီနော် 😏"

တစ်ဖက်က ဘာမှမပြောရသေးခင် သူ့ဘက်က အရင်စပြောလိုက်သည်.....

"Sorry ကို..."

"ကျောင်းပိတ်တဲ့အတောအတွင်း ဆက်သွယ်လို့ကိုမရဘူး...ခုရော Yuဘယ်မှာလဲ ကျောင်းကိုရောက်ပြီလား ကိုယ်က ခုအဆောင်မှာ"

"Ommရောက်ပြီ...ဒါနဲ့ ကို.. Yuပြောစရာရှိလို့ ... .__ပန်းခြံကို လာခဲ့နော် ခုစောင့်နေမယ် "

"Aww okok"

*click

ရုတ်တရက် သူပြောချင်တာပြောပြီး phအရင်ချသွားသော Yuကြောင့် သူ့စိတ်ထဲတစ်မျိုးတော့ဖြစ်သွားသည်... ကျောင်းနှစ်လပိတ်နေတဲ့အချိန်အတွင်း Yuဘက်က phoneတစ်ချက်မဆက်...သူဆက်တော့လည်း အကြောင်းအမျိုးမျိုးပြကာ phချပစ်သည်..
Yuနဲ့ သူဆိုသည်ကလည်း BFFတွေအဖြစ်ကနေ သူငယ်ချင်းတွေ ဝိုင်းပေးစားသောကြောင့် ရုတ်တစ်ရက်ကြီး ရည်းစားတော်လိုက်ရသည့်အခြေအနေ...မသိတဲ့သူဆိုလျှင် သူတို့နှစ်ယောက်ကို သူငယ်ချင်းလို့တောင် ထင်ကောင်းထင်နိုင်သည်..ပထမနှစ်တစ်နှစ်လုံးတွဲခဲ့သော်လည်း ဒီထက်ပိုပြီး မရင်းနှီးခဲ့....

I love the way he smiles 💕Where stories live. Discover now